ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ဂွါနာဘာရာပင်လယ်အော်တစ်နေရာရှိ ကွန်တင်နာဆိပ်ကမ်းကို ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ဂွါနာဘာရာပင်လယ်အော်တစ်နေရာရှိ ကွန်တင်နာဆိပ်ကမ်းကို ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီးယား၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

ဘရာဇီးအစိုးရသည် ဩဂုတ် ၁၃ ရက်တွင် စီးပွားရေးဆိုင်ရာ အလားတူတုံ့ပြန်မှု ဥပဒေအရ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို စတင်ဆောင်ရွက်ခဲ့ပြီး အမေရိကန်အစိုးရက ဘရာဇီးထုတ်ကုန်များအပေါ် ချမှတ်ထားသော စည်းကြပ်ခွန်အစီအမံအသစ်များကို တန်ပြန်အရေးယူခဲ့သည်။

အမေရိကန်ဘက်က တစ်ဖက်သတ်ချမှတ်သည့် စည်းကြပ်ခွန်အစီအမံများသည် ကျိုးကြောင်းဆီလျော်မှုမရှိဘဲ လက်လွတ်စပယ်ဖြစ်ကြောင်း ဘရာဇီးအစိုးရသည် ထိုနေ့တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်၍ ပြောကြားခဲ့သည်။ ယင်းမတိုင်မီ ဘရာဇီးအစိုးရသည် သက်သေအထောက်အထားများ ပေးအပ်ခဲ့ပြီး ဘရာဇီးတွင် တရားမျှတမှုမရှိသော ကုန်သွယ်မှုအပြုအမူများရှိသည်ဟူသော သက်ဆိုင်ရာစွပ်စွဲချက်များကို ငြင်းဆိုကာ မိမိတို့၏ရပ်တည်ချက်ကို ဆက်လက်ကာကွယ်သွားမည်ဖြစ်သည်။

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက ဇူလိုင် ၂၂ ရက် မှစ၍ ဘရာဇီးထုတ်ကုန်အချို့အပေါ် ရှိရင်းစည်းကြပ်ခွန်နှုန်းထားအပြင် ၂၅ ရာခိုင်နှုန်း ထပ်မံကောက်ခံမည်ဟု ဇူလိုင် ၁၅ ရက်တွင် ကြေညာခဲ့သည်။ ဇူလိုင် ၂၃ ရက်တွင် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက သက်တမ်းကုန်ဆုံးတော့မည့် ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်စည်းကြပ်ခွန်ကို အစားထိုးရန် “အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု” ဟူသော အကြောင်းပြချက်ဖြင့် ဘရာဇီးအပါအဝင် ဒါဇင်နှင့်ချီရှိသော နိုင်ငံနှင့်ဒေသများအပေါ် ၁၀ ရာခိုင်နှုန်း မှ ၁၂.၅ ရာခိုင်နှုန်းအထိရှိသော စည်းကြပ်ခွန်သစ်များ ကောက်ခံခဲ့သည်။  

ဘရာဇီးလွှတ်တော်သည် ၂၀၂၅ ခုနှစ် ဧပြီလတွင် စီးပွားရေးဆိုင်ရာ အလားတူတုံ့ပြန်မှု ဥပဒေမူကြမ်းကို အတည်ပြုခဲ့သည်။ ယင်းဥပဒေအရ အခြားနိုင်ငံများ သို့မဟုတ် စီးပွားရေးအစုအဖွဲ့များ၏ တစ်ဖက်သတ်ဆောင်ရွက်မှုများက ဘရာဇီးနိုင်ငံ၏ နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုရှိလာပါက ဘရာဇီးနိုင်ငံခြားကုန်သွယ်ရေးကော်မရှင်သည် ကုန်စည်နှင့် ဝန်ဆောင်မှု တင်သွင်းမှုများကို ကန့်သတ်ခြင်း စသည့် တန်ပြန်အရေးယူမှုများကို ဆောင်ရွက်နိုင်သည်။ (Xinhua)

..........................

(Chinese Version)

巴西启动经济对等法案程序反制美新关税措施

新华社巴西利亚8月13日电(记者吴昊)巴西政府13日宣布,已根据经济对等法案启动相关程序,反制美国政府对巴西的产品采取的新关税措施。  

巴西政府当天发表声明说,美方单方面采取的关税措施不合理且武断。巴西政府此前已提供证据,驳斥有关巴西存在不公平贸易行为的指控,并将继续捍卫自身立场。  

美国贸易代表办公室7月15日宣布自7月22日起对部分巴西产品在原有关税基础上加征25%的关税。7月23日,美国贸易代表办公室又以所谓“强迫劳动”为由,对包括巴西在内的数十个国家和地区征收10%至12.5%的新关税,以替代即将到期的全球进口关税。  

巴西国会2025年4月通过经济对等法案。根据该法案,在其他国家或经济体采取的单方面行动对巴西国际竞争力产生负面影响时,巴西外贸委员会可采取限制商品和服务进口等反制措施。(完)

图说:这是3月26日拍摄的位于巴西里约热内卢瓜纳巴拉湾的一处集装箱码头(无人机照片)。