
ပေကျင်း၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အီကွေဒေါသမ္မတနိုင်ငံ သမ္မတ Daniel Roy-Gilchrist Noboa Azín သည် ဩဂုတ် ၁၆ ရက်မှ ဩဂုတ် ၂၃ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်မည်ဖြစ်သည်။ သမ္မတ Daniel Roy-Gilchrist Noboa Azín ၏ တရုတ်နိုင်ငံခရီးစဉ်နှင့် စပ်လျဉ်း၍ သတင်းထောက်မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဩဂုတ် ၁၄ ရက်တွင် ဖြေကြားခဲ့သည်။
တရုတ်နိုင်ငံဘက်မှ အီကွေဒေါနိုင်ငံ သမ္မတ Daniel Roy-Gilchrist Noboa Azín တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်မည့် သတင်းကို ထုတ်ပြန်ခဲ့ကြောင်း၊ လက်ရှိ တရုတ်-အီကွေဒေါ ဆက်ဆံရေးကို တရုတ်နိုင်ငံအနေဖြင့် မည်သို့ရှုမြင်ကြောင်းနှင့် ယခုအကြိမ်ခရီးစဉ်၏ အစီအစဉ်များနှင့် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်များကို မိတ်ဆက်ပြောကြားပေးရန် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။
အီကွေဒေါသည် လက်တင်အမေရိက၏ အရေးကြီးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး တရုတ်နှင့် အီကွေဒေါတို့သည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်ကြောင်း၊ မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် တရုတ်-အီကွေဒေါ ဆက်ဆံရေးသည် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို ထိန်းထားနိုင်ခဲ့ပြီး နှစ်နိုင်ငံက “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာရွက်စာတမ်းနှင့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်တို့ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ နှစ်နိုင်ငံက ကဏ္ဍအသီးသီးတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများမှ ကြွယ်ဝသောရလဒ်များ ပေါ်ထွက်လာခဲ့ပြီး ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုလည်း အဆက်မပြတ် နက်ရှိုင်းလာကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ယခုအကြိမ်ခရီးစဉ်သည် သမ္မတ Daniel Roy-Gilchrist Noboa Azín ၏ တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ် လာရောက်ခြင်းဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ Daniel Roy-Gilchrist Noboa Azín နှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး ဝန်ကြီးချုပ် လီချန်နှင့် NPC အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့သည်လည်း ၎င်းနှင့် သီးခြားစီ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-အီကွေဒေါ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ခြင်း ၁၀ နှစ် ပြည့်ဖြစ်ကြောင်း၊ “တရုတ်နိုင်ငံဘက်က ယခုအကြိမ်ခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံအကြား နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုကို ပိုမိုခိုင်မာစေပြီး အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို ရှေ့ဆက်ထိန်းသိမ်းကာ တရုတ်-အီကွေဒေါ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်မှုအသစ်များ အဆက်မပြတ်ရရှိရန် တွန်းအားပေး၍ နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုပေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
外交部发言人就厄瓜多尔总统诺沃亚将访华答记者问
新华社北京8月14日电 应国家主席习近平邀请,厄瓜多尔共和国总统丹尼尔·罗伊-希尔克里斯特·诺沃亚·阿辛将于8月16日至23日对中国进行国事访问。外交部发言人14日就诺沃亚总统访华回答记者提问。
有记者问:中方发布了厄瓜多尔总统诺沃亚访华的消息,请问中方如何看待当前中厄关系?能否介绍此访安排和中方期待?
发言人表示,厄瓜多尔是拉美重要国家,中国和厄瓜多尔是全面战略伙伴。近年来,在两国元首战略引领下,中厄关系保持良好发展势头,双方签署了共建“一带一路”合作文件和自由贸易协定,两国各领域务实合作成果丰硕,人民友好不断加深。
发言人说,此访是诺沃亚总统首次对中国进行国事访问。习近平主席将同诺沃亚总统举行会谈,李强总理、赵乐际委员长将分别同他会见。今年是中厄建立全面战略伙伴关系十周年。“中方期待通过此访进一步夯实两国政治互信,赓续传统友谊,推动中厄全面战略伙伴关系不断取得新进展,更好造福两国人民。”(完)
图说:2025年5月24日,在位于厄瓜多尔首都基多的总统府,厄瓜多尔当选总统丹尼尔·诺沃亚携妻子向民众致意。新华社发(厄瓜多尔总统府供图)








