
ကင်ရှာဆာ၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) တွင် ယခုအကြိမ် အီဘိုလာရောဂါဖြစ်ပွားမှု ကူးစက်ပျံ့နှံ့သည့် အတိုင်းအတာသည် ဩဂုတ် ၁၂ ရက်အထိ နိုင်ငံတစ်ဝန်း ပြည်နယ် ၆ ခုအထိ တိုးချဲ့ပျံ့နှံ့လာပြီဖြစ်ကြောင်း၊ စုစုပေါင်း အတည်ပြုလူနာ ၄,၆၆၅ ဦး အစီရင်ခံတင်ပြခဲ့ပြီး ၎င်းအနက် သေဆုံးလူနာ ၂,၁၈၄ ဦးရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၁၄ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
အီဘိုလာရောဂါ ဖြစ်ပွားမှုအခြေအနေသည် အဆိုပါနိုင်ငံ မြောက်ပိုင်း Bas-Uele ပြည်နယ်အထိ ပျံ့နှံ့လာပြီဖြစ်ရာ လက်ရှိတွင် Ituri ၊ North Kivu ၊ South Kivu ၊ Haut-Uele ၊ Bas-Uele နှင့် Tshopo ပြည်နယ် စသည့် စုစုပေါင်း ပြည်နယ် ၆ ခုအား သက်ရောက်မှုဖြစ်စေပြီး ၎င်းအနက် Ituri ပြည်နယ်သည် ရောဂါဖြစ်ပွားမှု၏ ဗဟိုချက် ဖြစ်နေဆဲဖြစ်ကြောင်း ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ယခုအကြိမ် ရောဂါဖြစ်ပွားမှုသည် လူမှုအသိုက်အဝန်းအလွှာ၌ ဆက်တိုက်ပျံ့နှံ့နေဆဲဖြစ်ပြီး လက်ရှိတွင် သေဆုံးလူနာအများအပြားမှာ ဆေးကုသရေးအဆောက်အဦပြင်ပတွင် သေဆုံးကြခြင်းဖြစ်ကြောင်း ဩဂုတ် ၁၃ ရက်တွင် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ အာဖရိက ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ အကြီးအကဲ Jean Kaseya က ပြောကြားခဲ့သည်။
ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းမရှိပါက ယခုအကြိမ် ရောဂါဖြစ်ပွားမှုသည် တစ်နှစ်နှင့်အထက် ဆက်တိုက်ဖြစ်ပွားနိုင်ပြီး တစ်ကမ္ဘာလုံး မှတ်တမ်းတင်ထားမှုတွင် အတိုင်းအတာအရ အကြီးဆုံးသော အီဘိုလာရောဂါ ဖြစ်ပွားမှု ဖြစ်လာနိုင်ခြေရှိကြောင်းလည်း Jean Kaseya က သတိပေးခဲ့သည်။ ယခုအကြိမ် အီဘိုလာရောဂါ ဖြစ်ပွားမှုသည် ယခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်ခြင်းဖြစ်သည်ဟု သုတေသနပြုလုပ်မှုများစွာက ပိုမိုဖော်ပြလာကြောင်း၊ လတ်တလော ရရှိထားသည့် အချက်အလက်များမှာ ရောဂါဖြစ်ပွားမှု၏ အမှန်တကယ်ပမာဏကို တိကျစွာထင်ဟပ်နိုင်ခြင်းမရှိကြောင်းလည်း ၎င်းက ဆိုသည်။
ကွန်ဂိုနိုင်ငံ (DRC) သည် မေလ ၁၅ ရက်တွင် အီဘိုလာရောဂါဖြစ်ပွားကြောင်း ကြေညာခဲ့သည်။ ကွန်ဂိုနိုင်ငံ (DRC) ၏ ယခုအကြိမ် အီဘိုလာရောဂါ ဖြစ်ပွားမှုသည် “မှတ်တမ်းရှိပြီးနောက် ဒုတိယအကြီးဆုံး အီဘိုလာရောဂါ ဖြစ်ပွားမှု ဖြစ်ပြီး ကူးစက်ပျံ့နှံမှုအမြန်နှုန်းက ယခင်ဘယ်အကြိမ်ကထက်မဆို ကျော်လွန်ပါတယ်” ၊ လက်ရှိ တိုးတက်မှုအမြန်နှုန်းအရ ဆိုပါက ၎င်း၏ကူးစက်မှုပမာဏသည် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဖြစ်ပွားခဲ့သော အနောက်အာဖရိက အီဘိုလာရောဂါဖြစ်ပွားမှုထက်ပင် ကျော်လွန်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
刚果(金)埃博拉疫情范围已扩大至6省
新华社金沙萨8月14日电(记者史彧 刘方强)刚果(金)卫生部14日公布的数据显示,截至12日,该国本轮埃博拉疫情传播范围已扩大至全国26个省中的6个,累计报告确诊病例4665例,其中死亡2184例。
刚果(金)卫生部14日说,埃博拉疫情已传播至该国北部的下韦莱省,目前共波及伊图里、北基伍、南基伍、上韦莱、下韦莱和乔波6个省,其中伊图里省仍是疫情“震中”。
非洲疾病预防控制中心主任让·卡塞亚13日在线上记者会上说,本轮疫情仍在社区层面持续传播,目前大量死亡病例出现在医疗设施之外。卡塞亚警告说,如果不能得到有效控制,本轮疫情可能持续一年以上,并可能成为全球有记录以来规模最大的埃博拉疫情。他还表示,越来越多研究显示本轮疫情可能早在今年2月已经开始,目前掌握的数据并不能准确反映疫情实际规模。
刚果(金)5月15日宣布暴发埃博拉疫情。世界卫生组织总干事谭德塞本月12日说,刚果(金)本轮埃博拉疫情“已是有记录以来第二大埃博拉疫情,传播速度超过以往任何一次”。按照目前的发展速度,其规模可能超过2014年至2016年的西非埃博拉疫情。(完)
图说1:8月6日,在刚果(金)首都金沙萨郊区,防疫人员登记乘客和船员身份信息。新华社发
图说2:7月6日,在刚果(金)伊图里省首府布尼亚的一所埃博拉治疗中心,医护人员穿戴防护服。新华社发








