
ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံတွင် အမျိုးသားတစ်ဦးက ဩဂုတ် ၁၆ ရက်၌ သေနတ်သယ်ဆောင်၍ လေယာဉ်ပေါ်တက်ရန် ကြိုးပမ်းခဲ့ရာ လုံခြုံရေးစစ်ဆေးမှု ခံယူချိန်၌ သေနတ်မတော်တဆပစ်ခတ်မိ၍ လေဆိပ် လုံခြုံရေးစစ်ဆေးမှု ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အသက် ၅၅ နှစ်အရွယ် အမျိုးသားသည် ၎င်း၏ဇနီးနှင့်အတူ ထိုနေ့နံနက်ပိုင်း၌ Air India လေကြောင်းလိုင်း ကုမ္ပဏီလက်အောက်ရှိ Air India Express လေကြောင်းလိုင်းကုမ္ပဏီ လေကြောင်းခရီးစဉ်ဖြင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ် Uttar Pradesh မှ မွမ်ဘိုင်းသို့ သွားရောက်ရန် စီစဉ်ထားကြောင်း၊ အဆိုပါအမျိုးသားသည် မှတ်ပုံတင်ပြီးသားဖြစ်သည့် သေနတ်တစ်လက် သယ်ဆောင်ထားပြီး Uttar Pradesh လေဆိပ်၌ လုံခြုံရေးစစ်ဆေးမှု ခံယူချိန်တွင် ကျည်ဆံတစ်တောင့် “မတော်တဆပစ်ခတ်မိ” သဖြင့် လုံခြုံရေးစစ်ဆေးမှု ဝန်ထမ်းတစ်ဦး၏ ခြေထောက်နှင့် အခြား လုံခြုံရေးစစ်ဆေးမှု ဝန်ထမ်းတစ်ဦး၏ လက်ကို ထိခိုက်မိခဲ့ကြောင်း အိန္ဒိယမီဒီယာများက အိန္ဒိယ အရပ်ဘက် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၏ ကြေညာချက်အား ကိုးကား၍ သတင်းဖော်ပြကြသည်။
အဆိုပါအမျိုးသားသည် သေနတ်ထုတ်လာပြီး သေနတ်ကို မောင်းမတင်ထားကြောင်းဆို၍ “ကျွန်တော်တို့ကို ခလုတ်ဆွဲပြတာ” မထင်မှတ်ဘဲ ကျည်ဆန်ထွက်သွားခဲ့သည်ဟု ခြေထောက်တွင် ဒဏ်ရာရရှိသွားသည့် လုံခြုံရေးစစ်ဆေးမှုဝန်ထမ်းကဆိုသည်။
ဒဏ်ရာရရှိသော လုံခြုံရေးစစ်ဆေးမှုဝန်ထမ်းနှစ်ဦးကို ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ခဲ့ပြီး အဆိုပါအမျိုးသားသည် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းမှုခံထားရကြောင်း သိရသည်။
အိန္ဒိယ အရပ်ဘက်လေကြောင်းပို့ဆောင်ရေး လုံခြုံမှုဌာနက အဆိုပါဖြစ်စဉ်ကို လျော်ကန်စွာ စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ဆင့်တိုး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါလေဆိပ် လည်ပတ်မှုအပေါ် သက်ရောက်မှုမရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
印度一乘客欲携枪登机 枪支走火击伤安检员
新华社北京8月16日电 16日,印度一名男子携带枪支欲登机,在接受安检时枪支意外击发,两名机场安检员受伤。
据印度媒体援引印度民用航空部的声明报道,这名55岁男子和其妻子当天上午打算乘坐印度航空公司旗下印度航空快运公司航班从北方邦瓦拉纳西前往孟买。该男子携带一支经过注册登记的手枪,在瓦拉纳西机场接受安检时,一发子弹“意外射出”,击中一名安检员腿部和另一名安检员手部。
腿部受伤的安检员说,这名男子拿出枪,称它没有上膛,“并扣动扳机给我们看”,却射出了子弹。
两名受伤的安检员被迅速送往医院。这名男子已被警方拘留。
印度民航安全局说,这起事件受到妥善处理,正在进一步调查。该机场的运营没有受到影响。(惠晓霜)
图说:2013年2月1日,在印度首都新德里,飞机停靠在英迪拉·甘地国际机场。新华社记者李毅刚摄








