
မနီလာ၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ Ateneo de Manila တက္ကသိုလ်၏ အထက်တန်းကျောင်းတွင် ဩဂုတ် ၁၈ ရက်က ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုကြောင့် လူ ၁ ဦးထက်မနည်း သေဆုံး၍ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရသူများမှာ အဆိုပါကျောင်းမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများဖြစ်ပြီး သေနတ်ပစ်ခတ်သူသည် ကျောင်းအတွင်း၌ မိမိကိုယ်ကို အဆုံးစီရင်သွားပြီဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ Zamboanga မြို့ မြို့တော်ဝန် Khymer Adan Olaso က ထိုနေ့တွင် မီဒီယာများအား ပြောကြားခဲ့သည်။
သေနတ်ပစ်ခတ်မှုသည် ထိုနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ခတ်သူမှာ ၇ တန်း ကျောင်းသားတစ်ဦးဖြစ်ကြောင်း၊ ၎င်းသည် ထိုနေ့တွင် ကျောင်းတွင်းသို့ ရိုင်ဖယ်သေနတ်တစ်လက်နှင့် ပစ္စတိုသေနတ်တစ်လက် သယ်ဆောင်လာကြောင်း၊ အမှုကျူးလွန်ပြီးနောက် ကျောင်းအတွင်း၌ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း Khymer Adan Olaso က ဆိုသည်။
ဒေသတွင်းရဲတပ်ဖွဲ့က တစ်ဆင့်တိုး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။ လက်ရှိတွင် ကျောင်းအား ပိတ်ထားလိုက်ပြီဖြစ်ရာ ကျောင်းသားမိဘအုပ်ထိန်းသူများက ကျောင်းသို့လာရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခေါ်ဆောင်နေကြောင်း သိရသည်။ (Xinhua)
--------------------------------------------------------------------------------------------------------------------------------------
(Chinese Version)
菲律宾官员:校园枪击案致1死9伤 枪手已自杀
新华社马尼拉8月18日电(记者李萌 赵晨捷)菲律宾三宝颜市市长奥拉索18日对媒体表示,当天发生在雅典耀大学中学部的枪击事件已造成至少1人死亡、9人受伤,死伤者均为该校师生,枪手已在校园内自杀。
奥拉索说,枪击事件发生在当天8时30分左右,枪手为一名7年级学生。他当天携带一支步枪和一支手枪进入学校,行凶后在校园内自杀。
当地警方正在开展进一步调查。目前校园已封闭,家长陆续赶到学校撤离学生。(完)
English Caption
People wade through floodwater in Quezon City, the Philippines, on Aug. 17, 2026. (Xinhua/Rouelle Umali)








