
မော်စကို၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဩဂုတ် ၁၇ ရက်တွင် ရုရှားသမ္မတ ပူတင် Iturup ကျွန်း (ဂျပန်အခေါ် Etorofu ကျွန်း) သို့ သွားရောက်မှုနှင့်ပတ်သက်၍ ဂျပန်ဘက်၏ ထုတ်ဖော်ပြောဆိုမှုများကို ဝေဖန်ပြောဆိုရာတွင် ဂျပန်ခေါင်းဆောင်ပိုင်းအနေဖြင့် ရုရှားကို “တိုက်ခိုက်နေခြင်း” ထက် မိမိတို့၏ ပြည်တွင်းရေးကိစ္စများကို အာရုံစိုက်ရန် အကြံပြုခဲ့သည်။
ဂျပန်အနေဖြင့် ရုရှားကို ဝေဖန်တိုက်ခိုက်ခြင်းမှတစ်ဆင့် ၎င်း၏ “ပြောင်ပြောင်တင်းတင်း ကျူးကျော်လိုသော သဘောသဘာဝရှိသည့်” စစ်ရေးလမ်းကြောင်းအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို လွှဲဖယ်ရန် ကြိုးပမ်းခြင်းဖြစ်ပါက “ကျွန်တော့်အနေနဲ့ သူတို့ကို ကိုယ့်ကိစ္စကိုယ်ဂရုစိုက်ဖို့ အကြံပြုပါတယ်။ သူတို့ပြည်တွင်းမှာ ဖြေရှင်းရမယ့် ပြဿနာတွေ အများကြီးရှိတယ်” ဟု Lavrov က ပြောကြားခဲ့သည်။
ထို့ပြင် ဂျပန်သည် ၎င်းနှင့်ရင်းနှီးသောမဟာမိတ်ဖြစ်သည့် အမေရိကန်နှင့် ပူးပေါင်း၍ နှစ်ဖက်ဆန္ဒအတိုင်း နိုင်ငံတကာဥပဒေကို “ပြင်ဆင်ရေးသား” ရန် ကြိုးပမ်းနေသည်ဟု Lavrov က ထောက်ပြခဲ့သည်။ ဂျပန်သည် ကိုယ်တိုင်ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် သမိုင်း တာဝန်ဝတ္တရားများမှ လွတ်မြောက်ရန် ကြိုးပမ်းနေခြင်း၊ လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကန့်သတ်ချက်များကို ချိုးဖောက်လျက် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ ပြည်ပစစ်ဆင်ရေးများကို ချဲ့ထွင်ရန် ကြိုးပမ်းနေခြင်း၊ ထိုလှုပ်ရှားမှုများစွာမှာ “အလွန်စိုးရိမ်ဖွယ်ရာ” ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ပူတင်က ဩဂုတ် ၁၃ ရက် ရုရှား-ဂျပန် အငြင်းပွားနေသော ကျွန်းစုဖြစ်သည့် Southern Kuril ကျွန်းစု (ဂျပန်အခေါ် Northern Territories) သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ရုရှား-ဂျပန် ဆက်ဆံရေးနှင့် ပတ်သက်၍ ရှားရှားပါးပါး မှတ်ချက်ပေးခဲ့သည်။ ထို့နောက် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းမတိုင်မီ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် ပူတင် ကျွန်းပေါ်သို့သွားရောက်မှုနှင့် ပတ်သက်၍ ဂျပန်ဘက်၏ ထုတ်ဖော်ပြောဆိုမှုများအတွက် ရုရှားနိုင်ငံရှိ ဂျပန်သံအမတ်ကြီး Akira Muto ကို တွေ့ဆုံရန် ဆင့်ခေါ်ခဲ့သည်။ ရုရှားနိုင်ငံရှိ ဂျပန်သံရုံးက Muto သည် လတ်တလောတွင် “နေမကောင်းနေ၍” ခေါ်ယူမှုကို လက်ခံနိုင်ခြင်း မရှိကြောင်း တုံ့ပြန်ခဲ့သည်။ Lavrov က ဩဂုတ် ၁၇ ရက်တွင် ရုရှားမီဒီယာများထံ အထက်ပါ မှတ်ချက်များကို ပြောကြားပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က Muto သည် ၎င်းအနေဖြင့် “ရုတ်တရက် သက်သာသွားပြီ” ဟု ပြောကြားကာ ဩဂုတ် ၁၈ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
...................................
(Chinese Version)
俄外长:日本企图借抨击俄罗斯掩盖自身军事动向
新华社莫斯科8月17日电 俄罗斯外交部长拉夫罗夫17日在评论日本方面针对俄总统普京登上伊图鲁普岛(日本称择捉岛)的表态时对俄媒表示,建议日本领导层集中精力处理国内事务,而非对俄进行“攻击”。
拉夫罗夫说,如果日本企图通过抨击俄罗斯来转移国际社会对其“公然带有侵略性质的”军事路线的注意,那么“我建议他们管好自己的事,他们国内有很多问题需要解决”。
拉夫罗夫表示,日本试图联合与其关系紧密的盟友美国,按照双方意愿“改写”国际法。日本企图逃避自身犯下罪行的历史责任,当下还在突破宪法约束,谋求拓展自卫队海外活动,种种动向“非常令人担忧”。
普京13日首次登上俄日争议岛屿南千岛群岛(日本称北方四岛),并罕见评论俄日关系。日本首相高市早苗随后举行记者会提出强烈抗议。
俄外交部此前就日方针对普京登岛的表态召见日本驻俄罗斯大使武藤显。日本驻俄大使馆回应称,武藤近日“因身体不适”无法接受召见。拉夫罗夫17日对俄媒发表上述评论后,俄外交部发言人扎哈罗娃透露,武藤表示自己“突然感觉好多了”并将于18日前往俄外交部。(完)
图说:1月20日,俄罗斯外交部长拉夫罗夫在莫斯科举行的年度记者会上回答问题。新华社发(亚历山大摄)








