
ဆိုးလ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်များသည် ဩဂုတ် ၁၇ ရက်တွင် Ulchi Freedom Shield (UFS) ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တရားဝင်စတင်ခဲ့ရာ တောင်ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများက ထိုနေ့တွင်ပင် ဆိုးလ်မြို့၌ ဆန္ဒပြခဲ့ကြပြီး တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။
အရပ်ဘက်အဖွဲ့ “ငြိမ်းချမ်းရေး ပေါင်းစည်းမှု ဖန်တီးသူများ” က ထိုနေ့တွင် ဆိုးလ်မြို့လယ် Gwanghwamun ရင်ပြင်ရှိ အမေရိကန်သံရုံးရှေ့၌ ဆန္ဒပြစုဝေးပွဲတစ်ခု ကျင်းပခဲ့သည်။ အဆိုပါအဖွဲ့က တောင်ကိုရီးယားအစိုးရအနေဖြင့် စစ်အတွင်း တိုက်ခိုက်ရေးကွပ်ကဲမှုအာဏာကို ချက်ချင်း၊ အပြည့်အဝ ပြန်လည်ရယူသင့်ပြီး အမေရိကန်က တောင်ကိုရီးယားအပေါ် ပေးအပ်ထားသော “တိုးချဲ့ဟန့်တားရေး” ဟူသော အစီအစဉ်ကို ဖျက်သိမ်းသင့်ကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်များသည် ဩဂုတ် ၁၇ ရက်မှ ၂၇ ရက်အထိ UFS အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကျင်းပရန် စီစဉ်ထားသည်။ အမေရိကန်သမ္မတ ထရမ့်က ဩဂုတ် ၁၆ ရက်တွင် လူမှုကွန်ရက်၌ ၎င်းသည် တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို သိသိသာသာ လျှော့ချရန် ကာကွယ်ရေးဝန်ကြီးဌာနအား ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း ရေးသားခဲ့သည်။ တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ အနှစ်သာရမှာ ကျူးကျော်စစ်၏ ကြိုတင်လေ့ကျင့်မှုဖြစ်သည်ဟု ယင်းမတိုင်မီ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
၁၉၅၀ ပြည့်လွန်နှစ်များအစောပိုင်းမှစ၍ တောင်ကိုရီးယားစစ်တပ်၏ ကွပ်ကဲမှုအာဏာကို တောင်ကိုရီးယားရှိ အမေရိကန်တပ်များက ကာလရှည်ကြာစွာ လက်ကိုင်ထားခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် တောင်ကိုရီးယားက ငြိမ်းချမ်းရေးကာလ စစ်ရေးကွပ်ကဲမှုအာဏာကို ပြန်လည်ရယူခဲ့သော်လည်း စစ်အတွင်း စစ်ဆင်ရေးကွပ်ကဲမှုအာဏာကို ပြန်လည်ရယူခဲ့ခြင်းမရှိပေ။ (Xinhua)
.............................
(Chinese Version)
韩美军演引发韩国民间团体抗议
新华社首尔8月17日电(记者黄昕欣 孙一然)韩美军方17日正式启动“乙支自由之盾”联合军演,韩国民间团体当天在首尔示威抗议,呼吁停止韩美联合军演。
韩国民间团体“和平统一开创者”当天在位于首尔市中心光化门广场的美国驻韩国大使馆前举行抗议集会。该团体表示,韩国政府应立即、全面收回战时作战指挥权,并废止美国对韩国提供的所谓“延伸威慑”安排。
韩美军方定于17日至27日举行“乙支自由之盾”大规模联合军演。美国总统特朗普16日在社交媒体发文说,他已要求美国国防部大幅缩减美韩联合军演规模。朝鲜外务省此前表示,美韩联合军演的本质是侵略战争的预演。
上世纪50年代初以来,韩国军队指挥权长期由驻韩美军掌握。1994年,韩国收回和平时期军事指挥权,没有收回战时作战指挥权。(完)
图说:3月9日,韩国民众在位于韩国首尔的美国驻韩国大使馆前参加抗议集会。新华社发(全休相摄)








