
ပေကျင်း၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)
ဥရောပသမဂ္ဂ၏ နိုင်ငံခြားထောက်ပံ့ခြင်း စုံစမ်းစစ်ဆေးမှုဆိုင်ရာ လုပ်ဆောင်ချက်များသည် မလျော်ကန်သော နယ်လွန်စီရင်ခြင်းဖြစ်ကြောင်း ကြေညာချက်ကို တရုတ်နိုင်ငံတရားရေးဝန်ကြီးဌာနက ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကြေညာချက်တွင် ဖော်ပြထားသည်မှာ “နိုင်ငံခြားတိုင်းပြည်များ၏ မလျော်ကန်သော နယ်လွန်စီရင်မှုကို ဆန့်ကျင်တုံ့ပြန်ရေးဆိုင်ရာ နည်းဥပဒေများ” ပုဒ်မ ၃၊ ပုဒ်မ ၆ စသည့် ပြဋ္ဌာန်းချက်များအရ တရားရေးဝန်ကြီးဌာနသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းစုံစမ်းစစ်ဆေးရာတွင် ဥရောပသမဂ္ဂက ၎င်း၏ “နိုင်ငံခြားထောက်ပံ့ခြင်းဆိုင်ရာ နည်းဥပဒေ” JD.com အပေါ် စုံစမ်းစစ်ဆေးပြီး တရုတ်အဖွဲ့အစည်းများအပေါ် ကျင့်သုံးခဲ့သော သက်ဆိုင်ရာ နယ်စပ်ဖြတ်ကျော် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ချက်များမှာ မလျော်ကန်သော နယ်လွန်တရားစီရင်မှု အစီအမံများဖြစ်ကြောင်း၊ ထို့အပြင် မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မျှ အဆိုပါ မလျော်ကန်သော နယ်လွန်စီရင်မှု အစီအမံများကို လိုက်နာဆောင်ရွက်ခြင်း သို့မဟုတ် လိုက်နာဆောင်ရွက်ရန်ကူညီခြင်း ပြု၍မရကြောင်း ဆုံးဖြတ်အတည်ပြုခဲ့သည်။
ယင်းကြေညာချက်သည် ထုတ်ပြန်သည့်နေ့မှစ၍ အသက်ဝင်မည်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)
------------------------------------------
(Chinese Version)
司法部发布关于欧盟外国补贴调查相关做法构成不当域外管辖的公告
新华社北京8月19日电 司法部8月19日发布关于欧盟外国补贴调查相关做法构成不当域外管辖的公告。
公告显示,根据《中华人民共和国反外国不当域外管辖条例》第三条、第六条等规定,司法部会同商务部等有关部门调查认定,欧盟利用其《外国补贴条例》在对京东调查中对中国实体采取的相关跨境调查做法,构成不当域外管辖措施。任何组织、个人不得执行或者协助执行该不当域外管辖措施。公告自公布之日起实施。








