တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်အား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်အား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံရေးပါတီများမှ လွှတ်တော်အမတ်များ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ရန် စီစဉ်မှုနှင့် စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ဩဂုတ် ၂၁ ရက်တွင် ဖြေကြားခဲ့သည်။

ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဂျပန်နိုင်ငံရေးပါတီပေါင်းစုံမှ လွှတ်တော်အမတ်များသည် လာမည့်အပတ်တွင် တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ရန် စီစဉ်နေပြီး ဂျပန်-တရုတ် ဆက်ဆံရေး၏ လက်ရှိအခြေအနေသည် မည်သည့်ဘက်၏ အကျိုးစီးပွားနှင့်မျှ မကိုက်ညီကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် တွန်းအားပေးသည့် အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်သို့ မှတ်ချက်ပြုပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့သည်။

လျင်ကျန့်က ဂျပန်နိုင်ငံရေးပါတီပေါင်းစုံမှ အမြော်အမြင်ရှိသော ပုဂ္ဂိုလ်အချို့သည် လက်ရှိ ဂျပန်-တရုတ် ဆက်ဆံရေးအပေါ် အလွန်စိုးရိမ်ပူပန်နေကြပြီး နှစ်နိုင်ငံဆက်ဆံရေး မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရန် ကြိုးပမ်းလိုသည်ကို မိမိတို့ သတိပြုမိကြောင်း၊ “ဂျပန်နိုင်ငံ အုပ်ချုပ်သူများအနေနဲ့ ဒီပြောဆိုချက်တွေကို နားဆင်ပြီး အလေးထားကာ တရုတ်-ဂျပန် နိုင်ငံရေးစာရွက်စာတမ်းလေးခုပါ အခြေခံမူအသီးသီးကို အခိုင်အမာလိုက်နာဖို့၊ လက်တွေ့လှုပ်ရှားမှုတွေနဲ့ ဂျပန်-တရုတ် ပုံမှန်သွားလာဆက်ဆံရေးအတွက် လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ ကျွန်တော်တို့ တိုက်တွန်းအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။  (Xinhua)

------------------------------------

(Chinese Version)

外交部发言人就日本议员计划访华答记者问

新华社北京8月21日电(记者邵艺博、冯歆然)外交部发言人林剑21日就日本朝野政党国会议员计划访华答记者问。  

当日例行记者会上,有记者问:据报道,日本朝野政党国会议员计划下周访华,表示日中关系现状不符合任何一方利益,希望为推动两国关系改善发挥作用。中方对此有何评论?  

林剑说,我们注意到,日本朝野政党一些有识之士对当前中日关系深感忧虑,希望为双边关系走上正确轨道作出努力。“我们敦促日本当政者倾听、重视这些声音,恪守中日四个政治文件的各项原则,以实际行动为中日正常交流创造必要条件。”(完)