စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ မက်ထရိုပိုလစ်တာနို အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၃ ရက်က အက်သလက်တီကိုမက်ဒရစ်နှင့် ဗီလာရီးရဲလ်တို့ ယှဉ်ပြိုင်ကစားသည့် စပိန်လာလီဂါ ဘောလုံးပွဲစဉ်တွင် အက်သလက်တီကို ကစားသမားများ သွင်းဂိုးရရှိပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ မက်ထရိုပိုလစ်တာနို အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၃ ရက်က အက်သလက်တီကိုမက်ဒရစ်နှင့် ဗီလာရီးရဲလ်တို့ ယှဉ်ပြိုင်ကစားသည့် စပိန်လာလီဂါ ဘောလုံးပွဲစဉ်တွင် အက်သလက်တီကို ကစားသမားများ သွင်းဂိုးရရှိပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

ဩဂုတ် ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ဘာစီလိုနာက အယ်လ်ချီကို ၅ ဂိုးပြတ် အနိုင်ယူကာ ချန်ပီယံဆုကာကွယ်ရမည့် ရာသီသစ်ကို စတင်ဖွင့်လှစ်ခဲ့သည်။

ရာဖင်ညာက ပင်နယ်တီမှတစ်ဆင့် ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို ပွဲချိန်အစောပိုင်းမှာပင် သွင်းယူခဲ့ပြီး အသင်းအတွက် ပထမဆုံးပွဲထွက်လာသည့် ကာရင်မ် အဒီယီမီက ပထမပိုင်းပြီးခါနီးတွင် ရာဖင်ညာ၏ ဖန်တီးပေးမှုမှတစ်ဆင့် ဒုတိယဂိုးသွင်းယူခဲ့သဖြင့် ဘာစီလိုနာက နှစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် ဘာစီလိုနာအသင်း ခေါ်ယူထားသည့် ကစားသမားသစ် အန်သနီ ဂေါ်ဒန် လူစားဝင်လာပြီးနောက် ရာဖင်ညာ၏ ဒုတိယဂိုးကို ဖန်တီးပေးခဲ့သလို ဖာမင် လိုပက်ဇ် အနီးကပ်ပိတ်သွင်းခဲ့သည့် ဘာစီလိုနာ၏ စတုတ္ထဂိုးကိုလည်း ဖန်တီးပေးခဲ့သည်။

ထို့နောက် ပွဲချိန် ၇၉ မိနစ်တွင် လိုပက်ဇ်ကပင် တစ်ကိုယ်တော်အစွမ်းဖြင့် အသင်းအတွက် ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့သည်။

အသင်းမှထွက်ခွာလိုကြောင်း ထုတ်ဖော်ပြောဆိုထားသည့် အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အယ်လ်ဗာရက်ဇ်မှာ ဗီလာရီးရဲလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် အိမ်ကွင်းပွဲစဉ်မတိုင်မီ ၎င်း၏အမည်ကို ကြေညာခဲ့ချိန်တွင် ပရိသတ်များက ဝီစီသံများ၊ သံပြိုင်လှောင်ပြောင်အော်ဟစ်သံများဖြင့် ဆီးကြိုခြင်းခံခဲ့ရသည်။

မာ့ခ် ပူဘီးလ်၏ အလွန်သေသပ်ကောင်းမွန်သည့် ကန်ချက်ဖြင့် အက်သလက်တီကိုက အဖွင့်ဂိုး စတင်ရရှိခဲ့သော်လည်း ဗီလာရီးရဲလ်အသင်းက ဂျရတ် မိုရီနိုနှင့် ဂျော့ဂျ် မီကော့တက်ဇ်တို့၏ ပင်နယ်တီဂိုးများဖြင့် ပွဲကိုပြန်လည်ဦးဆောင်နိုင်ခဲ့ကာ အက်သလက်တီကိုအသင်းမှ ရော်ဘင် လီနော်မန်မှာလည်း မီကော့တက်ဇ်ကို ဖျက်ထုတ်ပုံကြမ်းခဲ့သည့်အတွက် ထုတ်ပယ်ခံခဲ့ရသည်။

သို့သော် ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ၅ မိနစ်အလိုတွင် ဂူလီယာနို ဆီမြွန်နီက တစ်ကိုယ်တော်အစွမ်းဖြင့် ချေပဂိုးသွင်းယူကာ အက်သလက်တီကိုအတွက် သရေ ရမှတ်တစ်မှတ် ရယူပေးခဲ့သည်။

ဩဂုတ် ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အခြားပွဲစဉ်များတွင် ဂီတာဖေးက အန်းနက်စ် အူနယ်လ်၏ ပွဲချိန် ၈၁ မိနစ် သွင်းဂိုးဖြင့် ရေးဆင်း ဆန်တန်ဒါကို အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဩဂုတ် ၂၄ ရက်တွင် အိုဆာဆူနာက လီဗန်တေးကို အိမ်ကွင်း၌ ဧည့်ခံကစားမည်ဖြစ်သလို တန်းတက်နှစ်သင်း တွေ့ဆုံမှုအဖြစ် မာလာဂါနှင့် ဒီပေါ်တီဗို လာကရူနာအသင်းတို့လည်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)

..................................................................................

(English Version)

Barcelona kicks off La Liga title defense with Elche rout

MADRID, Aug. 23 (Xinhua) -- FC Barcelona kicked off its La Liga title defense with a convincing 5-0 win away to Elche on Sunday.

Barcelona took an early lead from the penalty spot through Raphinha, and debutant Karim Adeyemi doubled the advantage before halftime following an assist from Raphinha.

New signing Anthony Gordon came on as a second-half substitute before providing assists for Raphinha to score his second of the game and for Fermin Lopez to tap home Barcelona's fourth.

Lopez rounded off the scoring with an excellent individual goal in the 79th minute.

Atletico Madrid striker Julian Alvarez, who has expressed a desire to leave the club, was greeted by a chorus of boos and whistles when his name was read out ahead of the home game against Villarreal.

Atletico opened the scoring through Marc Pubill's excellent shot, but two penalties saw Villarreal turn the game around through Gerard Moreno and Georges Mikautadze, with Robin Le Normand sent off after fouling the Georgian striker.

Giuliano Simeone rescued a point for Atletico with a solo goal five minutes from time.

Also on Sunday, Enes Unal's 81st-minute goal gave Getafe a 1-0 home win over Racing Santander.

Osasuna hosts Levante, while Malaga and Deportivo La Coruna meet in a game between promoted sides on Monday.

Photo caption 1: Atletico de Madrid's players celebrate scoring during the Spanish La Liga football match between Atletico de Madrid and Villarreal at Metropolitano stadium in Madrid, Spain, Aug. 23, 2026. (Photo by Gustavo Valiente/Xinhua)

Photo caption 2: Atletico de Madrid's Marcos Llorente vies with Villarreal's Carlos Romero during the Spanish La Liga football match between Atletico de Madrid and Villarreal at Metropolitano stadium in Madrid, Spain, Aug. 23, 2026. (Photo by Gustavo Valiente/Xinhua)