ဘရာဇီးနိုင်ငံ ဘရာစီလီယာမြို့ရှိ Mane Garrincha အမျိုးသားအားကစားကွင်း၌ ပါလ်မီးရက်စ်နှင့် ဖလာမင်ဂိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဘရာဇီးစူပါဖလား ဗိုလ်လုပွဲအပြီး ပါလ်မီးရက်စ်ကစားသမားများ အောင်ပွဲခံနေကြသည်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ဘရာစီလီယာမြို့ရှိ Mane Garrincha အမျိုးသားအားကစားကွင်း၌ ပါလ်မီးရက်စ်နှင့် ဖလာမင်ဂိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဘရာဇီးစူပါဖလား ဗိုလ်လုပွဲအပြီး ပါလ်မီးရက်စ်ကစားသမားများ အောင်ပွဲခံနေကြသည်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ပေါ်လို၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

ပါလ်မီးရက်စ်အသင်းသည် ဂျိုဆေးမန်နျူယယ်လိုပက်ဇ်၏ နှစ်ဂိုးသွင်းယူမှုနှင့်အတူ ဩဂုတ် ၂၃ ရက် က ဗာစကိုဒဂါးမားအသင်းကို အိမ်ကွင်း၌ ၄-၁ ဖြင့် အနိုင်ရရှိကာ ဘရာဇီးလ်စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံး၌ ဦးဆောင်မှုကို အရှိန်မြှင့်တင်နိုင်ခဲ့သည်။

ပွဲကစားချိန် ၄၇ မိနစ်တွင် လိုပက်ဇ်က ပထမဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီးနောက် Vitor Roque ကလည်း ပင်နယ်တီကတစ်ဆင့် ထပ်မံဂိုးသွင်းယူခဲ့ကာ တစ်နာရီမပြည့်မီမှာပင် Mauricio က တတိယဂိုးကို ဆက်လက်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်မှူးလိုပက်ဇ်သည် ပွဲပြီးဆုံးရန်တစ်မိနစ်အလိုတွင် ထပ်မံဂိုးသွင်းယူခဲ့ပြီးနောက် ဧည့်သည်အသင်းဘက်မှ ဖာကွန်ဒိုကိုလီဒီယိုက နာကျင်အချိန်ပိုတွင် ချေပဂိုးတစ်ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့သည်။

ယခုရလဒ်ကြောင့် ပါလ်မီးရက်စ်အသင်းက  ၅၁ မှတ် ရရှိထားပြီး ပွဲတစ်ပွဲ ကစားရန်ကျန်ရှိနေသည့် ဒုတိယနေရာမှ ဖလာမင်ဂိုအသင်းထက် ၆ မှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်လျက်ရှိကာ ဗာစကို အသင်းက အသင်း ၂၀ ပါဝင်သည့် အမှတ်ပေးဇယား၏ အဆင့် ၁၉ နေရာတွင် ရမှတ် ၂၂ မှတ်ဖြင့် ရပ်တည်လျက်ရှိသည်။

ဩဂုတ် ၂၃ ရက်က ကစားခဲ့သည့် ဘရာဇီးစီးရီးအေ အခြားပွဲစဉ်များတွင် ကိုရီတီဘာသည် အိမ်ကွင်း၌ ကိုရင်သီယန်စ်အသင်းကို ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး  မီရာဆောလ်နှင့် ဆန်းတို့စ်အသင်းတို့က  ၁-၁ ဖြင့် သရေ ရလဒ် ဖြစ်ခဲ့သည်။ Chapecoense က ဆော်ပေါ်လိုအား အိမ်ကွင်းတွင် ၁-၀ ဖြင့်လည်းကောင်း၊ ဘရာဂန်တီနိုက ဂရီမီယို  အသင်းကို အိမ်ကွင်းတွင် ၁-၀ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြကာ ဗာဟီယာအသင်းက ဗစ်တိုးရီးယားအသင်းကို အဝေးကွင်းတွင် ၂-၀ ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။  (Xinhua)

..............................

(English Version)

Lopez shines as Palmeiras pulls clear in Brazil's Serie A

SAO PAULO, Aug. 23 (Xinhua) -- Jose Manuel Lopez scored twice as Palmeiras extended its lead at the top of Brazil's Serie A on Sunday with a 4-1 home win over Vasco da Gama.

Lopez opened the scoring in the 47th minute before Vitor Roque converted a penalty and Mauricio added a third goal just inside the hour.

Argentina international striker Lopez struck again a minute from time ahead of Facundo Colidio's stoppage-time consolation goal for the visitors.

The result leaves Palmeiras with 51 points, six clear of second-placed Flamengo, which has a game in hand. Vasco is 19th in the 20-team standings with 22 points.

Elsewhere in Brazil's Serie A on Sunday, Coritiba won 2-1 at home to Corinthians, Mirassol drew 1-1 at Santos, Chapecoense won 1-0 at home to Sao Paulo, Bragantino secured a 1-0 home win over Gremio, and Bahia prevailed 2-0 at Vitoria.

Photo caption: Players of Palmeiras celebrate after the Brazilian Super Cup final match between Palmeiras Flamengo at the Mane Garrincha National Stadium in Brasilia, Brazil, Jan. 28, 2023. (Photo by Lucio Tavora/Xinhua)