ယူနန်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

မကြာသေးမီက ဆင်အုပ် ၃ စုမှ တောရိုင်းအာရှဆင် ၄၂ ကောင်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ နင်အယ်ခရိုင်သို့ ရောက်ရှိလာကာ လယ်ကွင်းနှင့် သစ်တောများကြားတွင် “လှည့်လည်ကျက်စား” လျက်ရှိသည်။ လူနှင့်ဆင်တို့၏ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ရန် ဒေသခံ အာရှဆင်စောင့်ကြည့်လေ့လာရေးသမားများသည် အပူလှိုင်းပုံရိပ်ဖော်ဒရုန်းများကို အသုံးပြုကာ နေ့ညမပျက် စောင့်ကြည့်လေ့လာမှုများ ဆောင်ရွက်လျက်ရှိသည်။

မှောင်မိုက်သော ပတ်ဝန်းကျင်တွင်ပင်ဖြစ်စေ အပူအာရုံခံကိရိယာများက ဆင်အုပ်စုများ၏ တည်နေရာကို ရှာဖွေနိုင်ပြီး လိုအပ်ပါက စောင့်ကြည့်လေ့လာရေးသမားများက အနီးနားရှိ ကျေးရွာများဆီသို့ အချိန်နှင့်တစ်ပြေးညီ သတိပေးချက်များ ပေးပို့နိုင်ကာ ရွာသားများကို အချိန်မီရှောင်ရှားနိုင်စေပြီး ဆင်များကိုလည်း ဘေးကင်းစွာ ဆက်လက်သွားလာနိုင်စေမည်ဖြစ်သည်။  (Xinhua)

....................

(Chinese Version)

42头亚洲象“做客”:云南宁洱热成像无人机守护人象平安

近期,分属3个象群的共计42头野生亚洲象抵达云南普洱的宁洱县,在农田与森林间“闲逛”。为保障人象安全,当地亚洲象监测员依托热成像无人机,实施全天候监测。即便在漆黑环境中,热感应器也能定位象群,以便监测员在必要时向周边村落推送实时警报,让村民及时避让,大象安然前行。

记者:陈欣波

报道员:杨廷荣