အိုမန်နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က ပေးအပ်သော ဟော်မုဇ်ရေလက်ကြားအချက်အလက်ဓာတ်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)
အိုမန်နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က ပေးအပ်သော ဟော်မုဇ်ရေလက်ကြားအချက်အလက်ဓာတ်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

သင်္ဘောခြေရာခံအဖွဲ့အစည်းဖြစ်သော Kpler ကုမ္ပဏီ၏ နောက်ဆုံးထုတ်အချက်အလက်များအရ ဩဂုတ် ၂၄ ရက်တွင် ဟော်မုဇ်ရေလက်ကြားမှ ကုန်တင်သင်္ဘောနှစ်စင်းသာ ဖြတ်သန်းသွားလာခဲ့ပြီး မေလဆန်းမှစ၍ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့သည်။

အချက်အလက်များအရ ဩဂုတ် ၂၄ ရက်တွင် အလွန်ကြီးမားသော သဘာဝဓာတ်ငွေ့တင်သင်္ဘောတစ်စင်းနှင့် အလွန်ကြီးမားသော ရေနံစိမ်းတင်သင်္ဘောတစ်စင်းသာ အိုမန်ပင်လယ်ကွေ့မှ ဟော်မုဇ်ရေလက်ကြားအတွင်းသို့ ဝင်ရောက်ခဲ့ပြီး လွန်ခဲ့သည့် ၁၀ ရက်အတွင်း နေ့စဉ်ဖြတ်သန်းသည့် သင်္ဘောအစင်းရေသည် ပျမ်းမျှအားဖြင့် ၁၄ စင်း အောက်တွင် ရှိနေသည်။

ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်သယ်ယူပို့ဆောင်ရေး၏ “အချက်အချာ” ဖြစ်ပြီး ယခင်က ကမ္ဘာ့ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်မှု၏ ငါးပုံတစ်ပုံခန့်ကို ဆောင်ရွက်ခဲ့ကာ အရေးပါသော သဘာဝဓာတ်ငွေ့ရည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းလည်း ဖြစ်သည်။  (Xinhua)

..................................

(Chinese Version)

霍尔木兹海峡通行商船数量降至3个多月以来新低

新华社伦敦8月25日电(记者张枫)船舶追踪机构克普勒公司最新数据显示,24日仅有两艘商船通过霍尔木兹海峡,降至5月初以来最低水平。  

数据显示,24日仅有一艘超大型天然气运输船和一艘超大型原油运输船从阿曼湾进入霍尔木兹海峡,远低于过去10天日均14艘的通行量。  

霍尔木兹海峡是全球能源运输“咽喉”,此前承担全球约五分之一的原油和成品油运输,也是重要的液化天然气运输通道。(完)

图说:这是阿曼新闻部6月20日提供的霍尔木兹海峡资料图片。新华社发