တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ရှန့်ရောင်မြို့ ဝုယွမ်ခရိုင် ဟွမ်လျင်ကျေးရွာအတွင်း ခရီးသွားဧည့်သည်များ ဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ရှန့်ရောင်မြို့ ဝုယွမ်ခရိုင် ဟွမ်လျင်ကျေးရွာအတွင်း ခရီးသွားဧည့်သည်များ ဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်ချန်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

ယခုအခါ ဆောင်းဦးရာသီအစပိုင်းကာလတွင် တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ရှန့်ရောင်မြို့ ဝုယွမ်ခရိုင် ဟွမ်လျင်ကျေးရွာ၌ ဒေသခံရွာသူရွာသားများသည် ရိတ်သိမ်းရရှိထားသော ငရုတ်သီးနီ၊ ပြောင်းဖူး၊ ဖရုံသီး၊ ပဲတောင့်ရှည် အစရှိသော သီးနှံများကို ဝါးဆန်ကောများဖြင့် ထည့်ကာ ဟွေးစတိုင် ရိုးရာအိမ်များ၏ သစ်သားစင်များပေါ်တွင် နေလှန်းလျက်ရှိကြသည်။

ဟွမ်လျင်ကျေးရွာသည် မြေပြန့်မရှိသလောက်နည်းပါးသည့် တောင်စောင်းတွင် တည်ရှိပြီး အိမ်ခေါင်မိုးပေါ်တွင် စင်ထိုး၍ နေလှန်းခြင်းသည် သီးနှံများကို အခြောက်လှန်းရန်အတွက် အဓိကနေရာဖြစ်လာသည်။ ဒေသခံများက ဤသို့ သီးနှံများကို နေလှန်းသည့် မြင်ကွင်းကို “စိုက်ချိုး” (ဆောင်းဦးနေလှန်းခြင်း) ဟု ခေါ်ဆိုကြသည်။ အရောင်အဆင်းစုံလင်လှသော အခြောက်ခံဆန်ကောများသည် ဟွေးစတိုင် ရိုးရာအိမ်များ၏ အုတ်နံရံဖြူ၊ အနက်ရောင်အုတ်ကြွပ်မိုးနှင့် အပြန်အလှန် ပနံသင့်ကာ ခရီးသွားဧည့်သည်များစွာကို လာရောက်လည်ပတ်ရန် ဆွဲဆောင်လျက်ရှိသည်။ (Xinhua)

..................................

(Chinese Version)

江西婺源:晒秋正当时

新华社照片,南昌,2026年8月26日

眼下正值初秋时节,在江西省上饶市婺源县篁岭村,当地村民用竹匾盛放收获的红辣椒、玉米、南瓜、豆角等农作物,摆放在徽派民居的木架上进行晾晒。

篁岭村地无三尺平,屋顶架晒成了晾晒农作物的主要场地,当地将这种晾晒农作物的场景叫作“晒秋”。五彩斑斓的晒盘与粉墙黛瓦的徽派民居相映衬,吸引众多游客前来旅游观光。

图说1:游客在篁岭村内留影(8月25日摄)。 新华社记者 胡晨欢 摄

图说2:这是篁岭村内一景(8月25日摄)。新华社记者 胡晨欢 摄