ပေကျင်း-ထျန်းကျင်း-ဟဲပေ မြို့ပတ် မြန်နှုန်းမြင့်ရထား တစ်စင်း ထျန်းကျင်း အနောက်ဘူတာမှ စတင်ထွက်ခွာလာခြင်းအား ၂၀၂၆ခုနှစ် ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပေကျင်း-ထျန်းကျင်း-ဟဲပေ မြို့ပတ် မြန်နှုန်းမြင့်ရထား တစ်စင်း ထျန်းကျင်း အနောက်ဘူတာမှ စတင်ထွက်ခွာလာခြင်းအား ၂၀၂၆ခုနှစ် ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ပေကျင်းမြို့တော် အဓိကစီမံကိန်းများ တည်ဆောက်ရေး ကွပ်ကဲမှုရုံးနှင့် Bii Railway Transportation Technology Holdings Co Ltd တို့မှ ရရှိသော သတင်းအရ ပေကျင်း-ဟဲပေ ပထမဆုံး ပြည်နယ်ဖြတ်ကျော် မြို့ပြမြေအောက်ရထားလိုင်းဖြစ်သော ပေကျင်း မြေအောက်ရထားလိုင်း အမှတ် ၂၂ (ဟုန်မြောင့်ဘူတာ - ဖိန်ကူဘူတာ) ကို ဩဂုတ် ၂၅ ရက်တွင် ဝန်မဲ့ စမ်းသပ်ပြေးဆွဲမှုကို စတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အခြေခံအားဖြင့် ဖွင့်လှစ်နိုင်ရန် အခြေခံအုတ်မြစ်ချပေးခဲ့သည်။

ဝန်မဲ့ အလွတ်စမ်းသပ်ပြေးဆွဲမှုကို အဆင့်နှစ်ဆင့်ဖြင့် အကောင်အထည်ဖော်မည် ဖြစ်သည်။ ပထမအဆင့်အနေဖြင့် ယာဉ်၊ အချက်ပြမှု၊ ဆက်သွယ်ရေး စသည့် အဓိကစနစ် ၈ ခု၏ ဘက်စုံ ပေါင်းစပ်ညှိနှိုင်းမှုနှင့် လုပ်ဆောင်ချက် စမ်းသပ်မှုများကို အဓိကထား လုပ်ဆောင်မည်ဖြစ်ပြီး၊ ဒုတိယအဆင့်အနေဖြင့် "မြေပုံအတိုင်း ပြေးဆွဲခြင်း" စမ်းသပ်ပြေးဆွဲမှုကို လုပ်ဆောင်မည်ဖြစ်ကာ ရထား အချိန်မှန်ကန်မှုနှုန်း၊ မြေပုံအတိုင်း ပြေးဆွဲနိုင်မှုနှုန်း စသည့် အဓိက အညွှန်းကိန်းများကို အတည်ပြုစစ်ဆေးသွားမည်ဖြစ်ကာ လမ်းကြောင်းလည်ပတ်မှု အညွှန်းကိန်းများသည် ကနဦး စတင်လည်ပတ်မည့်အချိန် မတိုင်မီ ဘေးကင်းလုံခြုံရေး အကဲဖြတ်စံနှုန်းသို့ ရောက်ရှိစေရန် အာမခံချက် ပေးသွားမည်ဖြစ်သည်။

ပေကျင်း မြေအောက်ရထားလိုင်း အမှတ် ၂၂ (ဟုန်မြောင့်ဘူတာ - ဖိန်ကူဘူတာ) သည် စုစုပေါင်း အရှည် ၇၉.၁ ကီလိုမီတာခန့်ရှိပြီး ဘူတာရုံ စုစုပေါင်း ၂၀ ပါဝင်ကာ ယင်းရထားလိုင်းသည် ပေကျင်း CBD ဗဟိုချက်ဧရိယာ၊ ပေကျင်းမြို့တော်၏ ဒုတိယမြို့ပြဗဟိုချက်၊ ဟဲပေပြည်နယ် ဆန်းဟယ်မြို့ ယန့်ကျောင်းမြို့နယ်၊ ပေကျင်း ဖိန်ကူ မြို့လယ်ကောင် စသည့် အဓိက စွမ်းဆောင်ရည်များပြားသည့် နေရာများကို ချိတ်ဆက်ထားသည်။

ဤရထားလိုင်း၏ အမြန်နှုန်း အားသာချက်မှာ သိသာထင်ရှားပြီး မိုးပျံရထားလမ်းပိုင်း၏ အမြင့်ဆုံး အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ အထိ ရှိကာ မြေအောက်ရထား လမ်းပိုင်းတွင် ကီလိုမီတာ ၁၂၀ အထိ ရှိသည်။ ဟဲပေပြည်နယ် ဆန်းဟယ်မြို့ ယန့်ကျောင်းမြို့နယ်မှ ပေကျင်းမြို့တော်၏ ဒုတိယမြို့ပြဗဟိုချက်သို့ အမြန်ဆုံး ၉ မိနစ်ခန့် ကြာမြင့်မည်ဖြစ်ပြီး ပေကျင်း CBD ဗဟိုချက်ဧရိယာရှိ ဟုန်မြောင့်ဘူတာသို့ အမြန်ဆုံး ၂၈ မိနစ်ခန့် ကြာမြင့်မည်ဖြစ်သည်။

"ရထားလမ်း ကွန်ရက်ဖြင့် ချိတ်ဆက်ထားသော ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသ" ၏ အထင်ကရစီမံကိန်းတစ်ခုအနေဖြင့် ဤရထားလိုင်း တည်ဆောက်ပြီးစီးသွားပါက ဟဲပေပြည်နယ် ဆန်းဟယ်မြို့နှင့် ပေကျင်းမြို့တော် မြေအောက်ရထား ကွန်ရက်တို့အကြား "အလစ်အလပ်မရှိ ချိတ်ဆက်ထားခြင်း" ကို သမိုင်းဝင် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ထို့အပြင် ပေကျင်းမြို့၏ မြို့တော်မဟုတ်သော လုပ်ငန်းဆောင်တာများကို ဖြေလျှော့ပြောင်းရွှေ့ခြင်းနှင့် ဒေသတွင်း စက်မှုလုပ်ငန်းများ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ပိုမို တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

-------------------

(Chinese Version)

最高时速160公里 京冀首条跨省域地铁空载试运行

新华社北京8月25日电(记者张骁)记者从北京市重大项目办和京投轨道公司获悉,京冀首条跨省域城市轨道交通北京地铁22号线(红庙站—平谷站)25日启动空载试运行,为2026年底基本开通奠定基础。

  空载试运行将分两个阶段实施:第一阶段重点开展车辆、信号、通信等八大系统的综合联调与功能测试;第二阶段将开展“跑图”试运行,对列车正点率、运行图兑现率等关键指标进行验证,确保线路运行指标达到初期运营前安全评估标准。

  北京地铁22号线(红庙站—平谷站)全长约79.1公里,共设车站20座,线路串联北京CBD核心区、北京城市副中心、河北三河市燕郊镇、北京平谷中心城等重点功能区。

  线路速度优势明显,高架段最高时速达160公里,地下段达120公里。从河北三河市燕郊镇到北京城市副中心最快约9分钟、到北京CBD核心区红庙站最快约28分钟。

  作为“轨道上的京津冀”标志性项目,线路建成后也将历史性实现河北三河市与北京城市轨道交通网的“无缝衔接”,进一步推进北京非首都功能疏解与区域产业协同发展。

1. 1月26日,一列京津冀环线高铁列车从天津西站驶出。新华社发(杨宝森 摄)