
နေပြည်တော်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တစ်စီး တံတားကွန်ကရစ်ကို တိုက်မိကာ ယာဥ်ပေါ်ပါ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ မတော်တဆမှုသည် သြဂုတ် ၂၆ ရက် နေ့လယ် ၂ နာရီ ၅၀ မိနစ်တွင် ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် ၂၆၇ အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းသည် အရှိန်မထိန်းနိုင်ဘဲ ကွန်ကရစ်အတားအဆီးကို ဝင်တိုက်ကာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိက ပြောသည်။
ယင်း မော်တော်ယာဉ်ပေါ်၌ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၇ ဦး တင်ဆောင်၍ နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာစဉ် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယာဉ်မောင်းသူနှင့် ယာဥ်ပေါ်ပါ အမျိုးသမီး ခရီးသည် ၃ ဦးတို့သည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ကျန် ၃ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးဝါးကုသမှု ခံနေရကြောင်း သိရသည်။ (Xinhua)









