အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင်ကျင်းပသည့် 2025 ဖီဖာကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ဘောလုံးပွဲစဉ်၌ ဘရာဇီးနိုင်ငံမှ ပါလ်မီးရက်စ်နှင့်ဘိုတာဖိုဂိုအသင်းတို့ ယှဉ်ပြိုင်နေစဉ် ဘောလုံးကန်သွင်းရန် ကြိုးပမ်းနေသည့် ပါလ်မီးရက်စ်အသင်းမှ Vitor Roque (ယာ)ကို ၂၀၂၅ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင်ကျင်းပသည့် 2025 ဖီဖာကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ဘောလုံးပွဲစဉ်၌ ဘရာဇီးနိုင်ငံမှ ပါလ်မီးရက်စ်နှင့်ဘိုတာဖိုဂိုအသင်းတို့ ယှဉ်ပြိုင်နေစဉ် ဘောလုံးကန်သွင်းရန် ကြိုးပမ်းနေသည့် ပါလ်မီးရက်စ်အသင်းမှ Vitor Roque (ယာ)ကို ၂၀၂၅ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ပေါ်လို၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

ပါလ်မီးရက်စ်အသင်း၏ ကိုလံဘီယာကွင်းလယ်လူ ဂျွန်အာရီယက်စ်သည် ပေါင်အနောက်ကြွက်သားဒဏ်ရာကြောင့် မီရာဆောလ်အသင်းနှင့်ယှဉ်ပြိုင်မည့် ဘရာဇီးစီးရီးအေပွဲစဉ် လွဲချော်မည်ဖြစ်ကြောင်း ဩဂုတ် ၂၇ ရက်တွင် အသင်းက အတည်ပြုပြောဆိုခဲ့သည်။

အာရီယက်စ်သည် ဩဂုတ် ၂၆ ရက်က ကိုပါဒိုဘရာဇီးပြိုင်ပွဲ၌ ဆန်းတို့စ်အသင်းကို အိမ်ကွင်း၌ ၃-၀ ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အဆိုပါဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

“ဩဂုတ် ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ဆေးစစ်ချက်တွေအရ ဂျွန်အာရီယက်စ်ရဲ့ညာဘက်ပေါင်မှာ ဒဏ်ရာရရှိထားတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်” ဟု အသင်း၏တရားဝင်ဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။

ထို့အပြင် ဥရုဂွေး နောက်ခံလူ Joaquin Piquerez သည်လည်း ညာဘက်ပေါင်ရောင်ရမ်းနေခြင်းကြောင့် ဩဂုတ် ၃၀ ရက် မီရာဆောလ်အသင်းထံ သွားရောက်ယှဉ်ပြိုင်ရမည့်ပွဲစဉ်တွင် ပါဝင်နိုင်ရန် မသေချာသေးကြောင်း အသင်းက ထုတ်ပြန်ခဲ့သည်။

တစ်ချိန်တည်းတွင် အသင်းခေါင်းဆောင် Gustavo Gomez သည် ဆန်းတို့စ်အသင်းနှင့်ပွဲစဉ်တွင် ကြွက်သားနာကျင်မှုကြောင့် ပထမပိုင်းအပြီး လူစားလဲခဲ့ရသော်လည်း ဒဏ်ရာမရရှိကြောင်း ဆေးစစ်ချက် အဖြေထွက်ခဲ့သည်။

ပါလ်မီးရက်စ်အသင်းသည် ဘရာဇီး စီးရီးအေ အမှတ်ပေးဇယားတွင် ရမှတ် ၅၁ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဒုတိယနေရာမှ ဖလာမင်ဂိုအသင်းကို ၆ မှတ် အသာရထားကြောင်းသိရသည်။ (Xinhua)

----------------------------------

(English Version)

Palmeiras midfielder Arias sidelined with injury

SAO PAULO, Aug. 27 (Xinhua) -- Colombian midfielder Jhon Arias is set to miss Palmeiras' Brazilian Serie A clash with Mirassol due to a hamstring strain, the club said on Thursday.

Arias sustained the injury in Palmeiras' 3-0 home win over Santos in the Copa do Brasil on Wednesday.

"Medical examinations performed on Thursday morning confirmed that Jhon Arias sustained a right thigh injury," read a statement on the club's official website.

It added that Uruguayan defender Joaquin Piquerez was in doubt for Palmeiras' visit to Mirassol on Sunday due to swelling in his right thigh.

Meanwhile, captain Gustavo Gomez was cleared of injury after he was substituted at halftime of the match against Santos due to muscle soreness.

Palmeiras leads Brazil's Serie A standings with 51 points, six ahead of second-placed Flamengo.

Photo caption: Palmeiras' Vitor Roque (R) shoots during the round of 16 football match between Brazil's Palmeiras and Brazil's Botafogo at the FIFA Club World Cup 2025 in Philadelphia, the United States, June 28, 2025. (Xinhua/Li Rui)