
ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
“ယာဆူကူနီဂူဗိမာန်ဟာ အမည်နဲ့လိုက်ဖက်တဲ့ ‘စစ်ရာဇဝတ်သားဂူဗိမာန်’ ၊ စစ်ဝါဒ ဝိညာဉ်အသက်သွင်းရာနေရာ ဖြစ်တယ်” ဟု တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်ကန်းက ဩဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံရေးသမားများသည် အကြိမ်ကြိမ် အုပ်စုဖွဲ့၍ “မကောင်းဆိုးဝါးအား ကိုးကွယ်ခြင်း” ပြုနေရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယင်းအပေါ် အလွန်သတိထား၍ ပြတ်ပြတ်သားသား တားဆီးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းနေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက သတင်းဖော်ပြချက်များအရ ဂျပန်နိုင်ငံ စစ်ရှုံး၍ လက်နက်ချခဲ့သည့် ဩဂုတ် ၁၅ ရက်တွင် ဂျပန်နိုင်ငံရေးသမား အများအပြားသည် ယာဆူကူနီဂူဗိမာန်သို့ သွားရောက်ကန်တော့ခဲ့သလို ဆာနာအဲ တာကာအိချိကလည်း ပူဇော်ပသငွေများကို ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရကြောင်း၊ ထို့အပေါ် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) အာဏာပိုင်များအနေဖြင့် ကန့်ကွက်ရှုတ်ချခြင်း မရှိသည့်အပြင် “ဂျပန်လူ့အဖွဲ့အစည်း၏ ကဏ္ဍစုံလင်သည့် အမြင်များကို လေးစားသည်” ဟု ကြေညာခဲ့ကြောင်း၊ ထို့အပေါ် မည်သို့သော မှတ်ချက်ပေးလိုပါသနည်းဟု မေးမြန်းခဲ့သည်။
“ယာဆူကူနီဂူဗိမာန်ဟာ အမည်နဲ့လိုက်ဖက်တဲ့ ‘စစ်ရာဇဝတ်သားဂူဗိမာန်’ ၊ စစ်ဝါဒ ဝိညာဉ်အသက်သွင်းရာနေရာ ဖြစ်တယ်” ဟု ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံရေးသမားများသည် အကြိမ်ကြိမ် အုပ်စုဖွဲ့၍ “မကောင်းဆိုးဝါးအား ကိုးကွယ်ခြင်း” ပြုနေပြီး အာရှ-ပစိဖိတ်ဒေသခံပြည်သူများ၏ ခံစားချက်ကို ထင်သလို နင်းချေကာ ရာဇဝင်၏အမှန်တရားကို ဆိုးဆိုးရွားရွား မထီမဲ့မြင်ပြုနေသည့်အပြင် ဂျပန်လက်ယာယိမ်းအင်အားစုများ၏ စစ်ဝါဒပြန်လည်ရှင်သန်ရေး စွဲလမ်းမှုနှင့် ပြည်ပကျူးကျော်ချဲ့ထွင်ရေး ပင်ကိုသရုပ်မှန်ကို ထင်ရှားစွာ ဖော်ထုတ်ပြသနေကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယင်းအပေါ် အလွန်သတိထား၍ ပြတ်ပြတ်သားသား တားဆီးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ယာဆူကူနီဂူဗိမာန်ဟာ A အဆင့် စစ်ရာဇဝတ်သား ၁၄ ဦးကို ပူဇော်ထားရုံသာမက ထိုင်ဝမ်သွေးချင်းတွေရဲ့ သွေးများနဲ့ စွန်းထင်းနေတဲ့ Rikichi Andō၊ Maresuke Nogi စတဲ့ စစ်ရာဇဝတ်သားတွေကိုလည်း ပူဇော်ထားတယ်။ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) အာဏာပိုင်များအနေဖြင့် ဂျပန်ကို မျှော်ကိုး၍ ကိုလိုနီခေတ်ကို တမ်းတကာ ရန်သူကို အဖေခေါ်နေခြင်းဟာ ရွံရှာဖွယ်ဖြစ်တယ်” ဟု ကျန်းရှောင်ကန်း က ပြောကြားခဲ့သည်။ ထိုင်ဝမ်သွေးချင်းများအနေဖြင့် ဂုဏ်သိက္ခာရှိရှိ တရုတ်လူမျိုးများအဖြစ် ရပ်တည်ကာ “ထိုင်ဝမ်သီးခြားခွဲထွက်ရေး” အင်အားစုနှင့် ပြင်ပအင်အားစုများ၏ စွက်ဖက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး အမိတိုင်းပြည်၏ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ တရားသောလုပ်ငန်းစဉ်တွင် တက်ကြွစွာ ပါဝင်ကြရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အခြား သတင်းထောက်တစ်ဦးက သတင်းဖော်ပြချက်များအရ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၇ ခုနှစ်တွင် အကြီးစားတိုးချဲ့မှုတစ်ရပ် ဆောင်ရွက်ရန် စီစဉ်ထားပြီး ဌာန ၃ ခုကို အသစ်ဖွဲ့စည်းကာ မောင်းသူမဲ့ရေငုပ်ယာဉ်များအတွက် တာဝေးပစ်ဒုံးကျည်များ တပ်ဆင်ရန်လည်း စီစဉ်ထားကြောင်း၊ ထို့ပြင် ဂျပန်နှင့် ဩစတြေးလျတို့သည် ဩစတြေးလျနယ်မြေအတွင်း ဟိုက်ပါဆိုးနစ်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်ရန် သဘောတူညီမှုရရှိထားကြောင်း၊ ယင်းအပေါ် မည်သို့သော မှတ်ချက်ပေးလိုပါသနည်းဟု မေးမြန်းခဲ့သည်။
ကျန်းရှောင်ကန်းက အများသိသည့်အတိုင်း ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်တွင် ရှုံးနိမ့်ခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး “ပေါ့စ်ဒမ်ကြေညာစာတမ်း” နှင့် ဂျပန်၏ “ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေ” တို့က ဂျပန်၏ ထိုးစစ်ဆင်လက်နက်များ ပိုင်ဆိုင်ခွင့်ကို ရှင်းလင်းစွာ တားမြစ်ထားကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ဂျပန်သည် “တစ်ဖန် စစ်ရေးအသွင်ပြောင်းခြင်း” ကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး စစ်အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ပြင်ဆင်ခြင်းကို လူသိရှင်ကြား ဆောင်ရွက်လျက်ရှိကာ ၎င်း၏ အန္တရာယ်ရှိသော လှုပ်ရှားမှုဦးတည်ချက်သည် ဒုတိယကမ္ဘာစစ်မတိုင်မီက စစ်ဝါဒအင်အားစုများ၏ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုနှင့် စတင်မှုတို့နှင့် အလွန်ပင် အလားတူကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တကယ်လို့ ပြင်ပကျူးကျော်စစ်ပွဲများကို စတင်လေ့ရှိပြီး သမိုင်းဆိုင်ရာ ပြစ်မှုများကို အမှန်တကယ် ပြန်လည်မသုံးသပ်တဲ့ နိုင်ငံတစ်နိုင်ငံကို ‘စစ်ဆင်ရေး လုပ်ဆောင်နိုင်စွမ်း’ ရှိတဲ့ နိုင်ငံအဖြစ် ပြန်လည်လက်နက်တပ်ဆင်ခွင့်ပြုပါက သမိုင်းရဲ့ကြေကွဲဖွယ်ရာဖြစ်ရပ်များ ထပ်မံဖြစ်ပွားနိုင်ပါတယ်" ဟု ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။
“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဂျပန်လက်ယာယိမ်းအင်အားစုတွေရဲ့ အန္တရာယ်ရှိတဲ့ အကြံအစည်တွေကို အမှန်တကယ် သိရှိနားလည်သင့်ပြီး ဂျပန်ရဲ့ ‘စစ်ဝါဒသစ်’ လှုပ်ရှားမှုများကို ပြတ်ပြတ်သားသား တားဆီးကာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်သင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
国防部:靖国神社是名副其实的“战犯神社”
新华社北京8月27日电(记者王春涛)“靖国神社是名副其实的‘战犯神社’、军国主义招魂所。”国防部新闻发言人张晓刚27日表示,日本政客一再集体“拜鬼”,国际社会对此应高度警惕、坚决遏制。
在当日举行的国防部例行记者会上,有记者问,据报道,多名日本政要在8月15日日本战败投降日参拜靖国神社,高市早苗供奉祭祀费。民进党当局不仅没有予以谴责,反而宣称“尊重日本社会多元看法”。请问对此有何评论?
“靖国神社是名副其实的‘战犯神社’、军国主义招魂所。”张晓刚表示,日本政客一再集体“拜鬼”,肆意践踏亚太人民感情,严重亵渎历史正义,也让日本右翼势力复活军国主义执念、对外侵略扩张本性暴露无疑。国际社会对此应高度警惕、坚决遏制。
“靖国神社不仅供奉着14名甲级战犯,还有双手沾满台湾同胞鲜血的安藤利吉、乃木希典等战犯。民进党当局媚日恋殖、认贼作父,令人不齿。”张晓刚说,希望广大台湾同胞做堂堂正正的中国人,坚决反对“台独”分裂和外部势力干涉,积极参与到祖国和平统一的正义事业中来。
另有记者问,据报道,日本防卫省计划于2027年实施大规模扩编,新设3个部门,还计划为无人潜航器配备远程导弹。日本与澳大利亚达成在澳境内试射高超声速导弹的协议。请问对此有何评论?
张晓刚说,众所周知,日本是二战战败国,《波茨坦公告》和日本“和平宪法”等明确禁止日本拥有进攻性武器。近年来,日本加速“再军事化”,明目张胆扩军备武,一系列危险动向与二战前军国主义筹备和发动战争极为相似。
“若让一个曾经热衷对外发动侵略战争、不真正反省历史罪责的国家,重新武装成为‘能战’国家,历史悲剧恐将重演。”张晓刚表示,“国际社会应切实认清日本右翼势力的危险图谋,坚决遏止日本‘新型军国主义’妄动,坚定守护地区和平稳定。”(完)
1. 8月15日,在日本东京的淡路公园内,日本民众手持标语参加集会。新华社记者 贾浩成 摄








