ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ဘိုင်ယန်မြူးနစ်နှင့်ဘိုရေးရှားမိုချန်ဂလက်ဘတ်အသင်းတို့၏ ဂျာမန်ဘွန်ဒက်စ်လီဂါ ပထမတန်းဘောလုံးပွဲစဉ်အပြီး ချန်ပီယံဆုဖလားချီးမြှင့်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်း၏ဟယ်ရီကိန်း (ရှေ့တန်း အလယ်)  အသင်းဖော်များနှင့်အတူ ဆုဖလားကိုနမ်းရှုပ်ကာ အောင်ပွဲခံနေသည်ကို ၂၀၂၅ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ဘိုင်ယန်မြူးနစ်နှင့်ဘိုရေးရှားမိုချန်ဂလက်ဘတ်အသင်းတို့၏ ဂျာမန်ဘွန်ဒက်စ်လီဂါ ပထမတန်းဘောလုံးပွဲစဉ်အပြီး ချန်ပီယံဆုဖလားချီးမြှင့်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်း၏ဟယ်ရီကိန်း (ရှေ့တန်း အလယ်) အသင်းဖော်များနှင့်အတူ ဆုဖလားကိုနမ်းရှုပ်ကာ အောင်ပွဲခံနေသည်ကို ၂၀၂၅ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

ဘိုင်ယန်မြူးနစ်အသင်းက အိမ်ကွင်း၌  VfB စတုဂတ်အသင်းကို ဩဂုတ် ၂၈ ရက်တွင် ၅-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရကာ ချန်ပီယံအသင်းနှင့်ထိုက်တန်စွာ ၂၀၂၆-၂၇ ဘွန်ဒက်စ်လီဂါရာသီပွဲစဉ် စတင်နိုင်ခဲ့ကြောင်း သိရသည်။

ပွဲကစားချိန် ၂၁ မိနစ်တွင် Joshua Kimmich က ထောင့်ကန်ဘောကို ဂိုးဧရိယာအတွင်းပို့ပေးခဲ့ရာ Dayot Upamecano က Josha Vagnoman ကို ကျော်ဖြတ်၍ ခေါင်းတိုက်ကာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘိုင်ယန်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။

ဂျာမနီနိုင်ငံ၏တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု ချီးမြှင့်ခံထားရသည့် ဟယ်ရီကိန်းက လူးဝစ်ဒီးယက်ဇ်ကို ဒုတိယဦးဆောင်ဂိုးရရန် ဖန်တီးပေးခဲ့သော်လည်း စတုဂတ်ဂိုးသမား Fabian Bredlow က အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့သည်။

ဘိုင်ယန်အသင်းအတွက် ဧည့်သည်စတုဂတ်အသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုများမှာ ဆက်လက်အန္တရာယ်ရှိနေရာတွင် ဒုတိယပိုင်း စတင်ချိန် ၇ မိနစ်တွင် စတုဂတ်အသင်းအတွက် အကျိုးကျေးဇူး ရရှိခဲ့သည်။ ဂျက်ဖ်ချာဘော့တ်၏ခေါင်းတိုက်ဘောကို ဂိုးသမား Manuel Neuer ပုတ်ထုတ်လိုက်ရာမှ ထွက်လာသည့်ဘောလုံးကို ဗက်ဂနိုမန်က ၁၂ မီတာအကွာမှ မြေပေါ်မကျခင် လေထဲမှာပင်ကန်သွင်းယူခဲ့သဖြင့် ၁-၁ ဂိုးဖြင့် သရေဖြစ်နေခဲ့သည်။

ပွဲချိန် ၅၅ မိနစ်တွင် Kimmich က စတုဂတ်အသင်း၏ခံစစ်ကို ဖြတ်ကျော်ပြီး မိုက်ကယ်အိုလစ်ထံ ဘောလုံးပေးပို့ခဲ့ရာ ပြင်သစ်ကစားသမားက အသာအယာ သွင်းယူပြီး ဘိုင်ယန်ကဦးဆောင်မှု ပြန်လည်ရရှိခဲ့သည်။

ထို့နောက် သုံးမိနစ်အကြာတွင် အယ်လ်ဖွန်ဆိုဒေးဗီးစ်၏ပေးပို့ဘောကို ရှင်းထုတ်ရန်ကြိုးပမ်းစဉ် Vagnoman ခြေချော်ကာ မိမိဂိုးထဲသို့ မတော်တဆ လမ်းကြောင်းပြောင်း ဝင်ရောက်သွားခဲ့သည်။

လူစားဝင်ကစားသမား Ismael Saibari က ဘိုင်ယန်အသင်းအတွက် ပွဲရလဒ်ကို သေချာစေခဲ့သည်။ ၈၂ မိနစ်တွင် Aleksandar Pavlovic ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့သလို နာကျင်အချိန်ပိုတွင် ဒီးယက်ဇ်ရဲ့ပဉ္စမမြောက်ဂိုးအတွက် ဘောလုံးဖန်တီးပေးနိုင်ခဲ့သည်။

“ပွဲအစကနေအဆုံး ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်၊ စတုဂတ်နဲ့ကစားတဲ့အခါ ဒုတိယပိုင်း အလယ်လောက်ရောက်ရင် သူတို့အားနည်းလာတတ်ပါတယ်၊ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက်လည်း တကယ့်ကိုဝမ်းသာမိပါတယ်” ဟု Pavlovic က ပြောကြားခဲ့သည်။

စတုဂတ်အသင်းသည် လာမည့် စက်တင်ဘာ ၄ ရက်တွင် ကိုလုံးအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကမူ နောက်တစ်ရက်တွင် ရှော်လ်ကေးအသင်းထံ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)

…………….

(English Version)

Bayern makes flying start to Bundesliga title defense

BERLIN, Aug. 28 (Xinhua) -- Bayern Munich opened the 2026-27 Bundesliga season in commanding fashion as the defending champions beat VfB Stuttgart 5-1 at home on Friday.

Bayern broke the deadlock in the 21st minute when Joshua Kimmich delivered a corner into the area and Dayot Upamecano escaped Josha Vagnoman to head home.

Luis Diaz then had an opportunity to double the lead after Harry Kane, who was honored as Germany's Footballer of the Year before kickoff, sent him through, but Stuttgart goalkeeper Fabian Bredlow produced a strong save.

The visitors continued to threaten, and their persistence was rewarded seven minutes after the restart. After goalkeeper Manuel Neuer saved Jeff Chabot's header, Vagnoman met the rebound with a volley from 12 meters to make it 1-1.

Kimmich released Michael Olise with a pass through the Stuttgart defense and the Frenchman calmly restored Bayern's lead in the 55th minute.

Three minutes later, Vagnoman slipped while attempting to clear Alphonso Davies' delivery and inadvertently turned the ball into his own net.

Substitute Ismael Saibari then helped Bayern put the match beyond doubt, setting up Aleksandar Pavlovic in the 82nd minute before providing Diaz with the pass for the fifth in stoppage time.

"We gave everything from start to finish. Against Stuttgart, it is often the case that they start to tire midway through the second half. I'm very happy to have scored," said Pavlovic.

Stuttgart hosts Cologne next Friday, while Bayern visits Schalke the following day.

Photo caption: Bayern Munich's Harry Kane (front C) kisses the trophy to celebrate with teammates winning the Bundesliga title during the victory ceremony after the German first division Bundesliga football match between Bayern Munich and Borussia Moenchengladbach in Munich, Germany, May 10, 2025. (Photo by Philippe Ruiz/Xinhua)