
ဟာရာရီ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
ဇင်ဘာဘွေနိုင်ငံရှိ ဟာရာရီ-ချီဗူးဟိုင်းဝေးလမ်းမကြီးပေါ်တွင် ခရီးသည်တင် အဝေးပြေးဘတ်စ်ကားတစ်စီးနှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် ကုန်တင်ကားတစ်စီးတို့ သြဂုတ် ၂၈ ရက်ညက မျက်နှာချင်းဆိုင်တိုက်မိရာမှ လူပေါင်း ၂၅ ဦးသေဆုံးသွားကြောင်း နိုင်ငံပိုင်ရုပ်သံ ZBC က သြဂုတ် ၂၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အခင်းဖြစ်နေရာတွင် လူ ၂၃ ဦးသေဆုံးခဲ့ပြီး အခြားသူနှစ်ဦးကိုမူ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက် ၎င်းတို့ရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း မာရှိုနာလန်အရှေ့ပိုင်း ဒေသဆိုင်ရာအရေးကိစ္စရပ်များနှင့် လုပ်ပိုင်ခွင့်လွှဲပြောင်းပေးအပ်မှုဆိုင်ရာပြည်နယ်ဝန်ကြီး Itayi Ndudzo ကလည်း အတည်ပြုပြောကြားခဲ့သည်။
ကုန်တင်ကားမောင်းနှင်သူ ယာဉ်မောင်းအပါအဝင် အသက်ရှင်ကျန်ရစ်သူ နှစ်ဦးမှာ ဆေးရုံတွင် ကုသမှုခံယူနေရဆဲဖြစ်ပြီး အလွန်စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေကြောင်း သတင်းများက ဖော်ပြသည်။
ဇင်ဘာဘွေပြည်သူ့ရဲတပ်ဖွဲ့နှင့် အရပ်ဘက်ကာကွယ်ရေးအဖွဲ့တို့ကလည်း မတော်တဆမှုဖြစ်ပွားရာနေရာသို့ ရောက်ရှိနေကြပြီး လမ်းရှင်းလင်းရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
............................
(English version)
25 killed in Zimbabwe road crash
HARARE, Aug. 29 (Xinhua)
Twenty-five people were killed in Zimbabwe after a commuter omnibus and a haulage truck collided head-on along the Harare-Chivhu highway Friday night, state broadcaster ZBC reported Saturday.
Itayi Ndudzo, minister of state for Provincial Affairs and Devolution for Mashonaland East, confirmed that 23 people died at the scene, while two others succumbed to their injuries after being admitted to the hospital.
Two survivors, including the haulage truck driver, were reportedly in critical condition and receiving treatment in the hospital.
The Zimbabwe Republic Police and the Civil Protection Unit were at the scene assisting with clearance operations. ■
Photo caption: File photo shows police inspect the scene of a traffic accident in southern suburbs of Harare, capital of Zimbabwe (Xinhua/Stringer)








