
ကျီလုန်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)
China Anneng ကုမ္ပဏီသည် ဩဂုတ် ၃၀ ရက်တွင် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ကျီလုန်မြို့နယ်မှ ကျီလုန်နယ်စပ်ဂိတ်အထိ ဖြစ်သော G216 အမြန်လမ်းပိုင်းတွင် အရေးပေါ် လမ်းပြန်လည်ဖောက်လုပ်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး နယ်စပ်ဂိတ်သို့ သွားရောက်သည့်လမ်း ပေါက်ရန် အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး ပြုပြင်လျက်ရှိသည်။ ကျီလုန်နယ်စပ်ဂိတ်ကို ရောက်ရှိသည့် G216 အမြန်လမ်း၏ နောက်ဆုံး ကီလိုမီတာအနည်းငယ်မှာ ကျီလုန် ရွှံ့နွံပြိုကျမှုဘေးအန္တရာယ်တွင် ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)
......................
(Chinese Version)
救援力量抢修关键通道
新华社照片,吉隆(西藏),2026年8月30日
8月30日,中国安能在G216吉隆镇至吉隆口岸路段持续开展抢通作业,争分夺秒抢修通往口岸的道路。 通往吉隆口岸的G216最后几公里道路,在吉隆泥石流灾害中严重受损。
图说:8月30日,在吉隆泥石流灾害中损毁的G216吉隆镇至吉隆口岸路段,救援机械在开展抢修作业(无人机照片)。 新华社记者 晋美多吉 摄








