
တိုကျို၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုလျှပ်စစ်ဓာတ်အားကုမ္ပဏီ (TEPCO) က ဩဂုတ် ၃၁ ရက်တွင် ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံ၏ ၂၀၂၆ ဘဏ္ဍာနှစ် ၅ ကြိမ်မြောက် နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ စွန့်ပစ်မှုကို စတင်ခဲ့သည်။ ယင်းမှာ စုစုပေါင်း ၂၃ ကြိမ်မြောက် နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ စွန့်ထုတ်မှုလည်းဖြစ်သည်။
ဖူကူရှီးမားဒေသဆိုင်ရာ မီဒီယာများ၏ ဖော်ပြချက်အရ ဒေသစံတော်ချိန် ဩဂုတ် ၃၁ ရက် နံနက် ၁၁ နာရီ ၂၉ မိနစ် (ပေကျင်းစံတော်ချိန် နံနက် ၁၀ နာရီ ၂၉ မိနစ်) တွင် TEPCO က ယခုအကြိမ် နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ စွန့်ထုတ်မှုကို စတင်ခဲ့သည်။
TEPCO ၏ ဩဂုတ် ၂၇ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ ယခုအကြိမ် စွန့်ထုတ်မှုသည် စက်တင်ဘာလ ၁၈ ရက်အထိ စဉ်ဆက်မပြတ်လုပ်ဆောင်သွားရန် စီစဉ်ထားပြီး စွန့်ထုတ်မည့် နျူကလီးယားရေဆိုး စုစုပေါင်းပမာဏမှာ တန်ချိန် ၇,၈၀၀ ခန့်၊ ရေဒီယိုသတ္တိကြွ ထရိုင်တီယမ် (Tritium) ပါဝင်မှု စုစုပေါင်းပမာဏမှာ ၁.၂ ထရီလီယံ ဘက်ကာရယ် (Bq)ခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဂျပန်ဘက်က နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းထန်သော သံသယနှင့် ကန့်ကွက်မှုများကို လျစ်လျူရှုကာ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံမှ နျူကလီးယားရေဆိုးများကို တစ်ဖက်သတ် အတင်းအကျပ် စတင်စွန့်ထုတ်ခဲ့သည်။ ယခုဩဂုတ်လ ၂၄ ရက်တွင် ဂျပန်၏ နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ စွန့်ထုတ်မှု စတင်ခြင်းမှာ သုံးနှစ်ပြည့်ခဲ့ပြီး စုစုပေါင်း စွန့်ထုတ်ပမာဏမှာ တန်ချိန် ၁၇၃,၀၀၀ ခန့်ရှိသည်။ TEPCO ၏ အချက်အလက်များအရ ဩဂုတ် ၁၃ ရက်အထိ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံအတွင်းရှိ ရေသိုလှောင်ကန်များတွင် နျူကလီးယားရေဆိုး တန်ချိန် ၁,၂၃၅,၀၀၀ ခန့်ကို သိုလှောင်ထားဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………..
(Chinese Version)
日本开始第23轮核污染水排海
新华社东京8月31日电 日本东京电力公司8月31日启动福岛第一核电站2026财年第5轮核污染水排海,这也是总计第23轮核污染水排海。
据福岛当地媒体报道,当地时间31日11时29分(北京时间10时29分),东京电力公司开始本轮核污染水排放。
根据东京电力公司27日发布的资料,本轮排放计划持续至9月18日,预计排放核污染水总量约7800吨,含放射性氚总量约1.2万亿贝克勒尔。
2023年8月,日方无视国际社会的强烈质疑和反对,单方面强行启动福岛第一核电站核污染水排海。本月24日,日本启动核污染水排放满三年,累计排放量约17.3万吨。东京电力公司的资料显示,截至8月13日,福岛第一核电站内储水罐还存储着核污染水约123.5万吨。(完)
图说:这是1月21日在日本新潟县拍摄的柏崎刈羽核电站。新华社/共同社








