စစ်ဟုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
ဟုန်ကျယ်ရေကန် ကန်ဘေးတွင် တည်ရှိသော ကျန်းဆူးပြည်နယ် စုချန်းမြို့ စစ်ဟုန်ခရိုင်သည် မြေဩဇာကောင်းမွန်ပြီး နှစ်စဉ် ဟင်းသီးဟင်းရွက် တရုတ်မူ (Mu) ၂ သိန်းကျော် စိုက်ပျိုးလျက်ရှိသည်။
မကြာသေးမီနှစ်များအတွင်း အဆိုပါခရိုင်သည် ရေအရင်းအမြစ် အားသာချက်ကို အသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းသုံး ပလတ်စတစ်မိုးကာဖျင်များအတွင်း ရေပေါ် ဟင်းသီးဟင်းရွက် ပျိုးပင် စိုက်ပျိုးမှုကို လုပ်ဆောင်ခဲ့သည်။ သမားရိုးကျပျိုးထောင်သည့် နည်းလမ်းနှင့် နှိုင်းယှဉ်လျှင် မြေနေရာ သက်သာခြင်း၊ ပိုးမွှားနှင့် ရောဂါ အန္တရာယ် နည်းပါးခြင်း၊ ပျိုးထောင်ချိန် ကာလ တိုတောင်းခြင်း၊ အပင်ရှင်သန်မှုနှုန်း မြင့်မားခြင်းစသည့် အားသာချက်များရှိပြီး ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုကို မူလ "တစ်ရာသီ သီးနှံတစ်မျိုးစနစ်" မှ "တစ်ရာသီ အသုတ်လိုက် သီးနှံမျိုးစုံ ထပ်မံစိုက်ပျိုးသည့်စနစ်" သို့ ပြောင်းလဲစေကာ စားသုံးသူများ၏ "ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်" လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးရုံမျှမက တောင်သူများ၏ ဝင်ငွေကိုလည်း ထိထိရောက်ရောက် တိုးပွားလာစေခဲ့သည်။ (Xinhua)
------------------------------------------
(Chinese Version)
江苏泗洪:水上育苗助增收
地处洪泽湖畔的江苏省宿迁市泗洪县土地肥沃,每年种植蔬菜20多万亩。近年来,该县利用水资源优势在塑料大棚中进行水上蔬菜秧苗培育,相比传统育苗,具有节约土地、病虫害少、育苗周期短、成活率高等优势,使蔬菜生产由原来的“一季一菜”变为“一季多茬”,保障供应消费者“菜篮子”需求的同时,还有效增加了农民收入。








