ဝါရှင်တန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ လေကြောင်းရန်ကာကွယ်ရေး စခန်းများ၊ ရေဒါစနစ်များ၊ ရေကြောင်းဆိုင်ရာ ပိုင်ဆိုင်မှုနှင့် အဆောက်အအုံများ၊ မိုင်းထောင်နိုင်စွမ်းနှင့် ဆက်သွယ်ရေး စခန်းများ အပါအဝင် အီရန်၏ စစ်ရေးပစ်မှတ်များကို အမေရိကန်စစ်တပ်က တိုက်ခိုက်မှု အသစ်တစ်ကြိမ် ပြီးစီးခဲ့ပြီဖြစ်ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က စက်တင်ဘာ ၁ ရက်၌ လူမှုကွန်ရက်ပေါ်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန်စစ်တပ်သည် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် စက်တင်ဘာ ၁ ရက် ၁၂ နာရီတွင် အီရန်နယ်မြေအတွင်းရှိ အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ ပစ်မှတ်များကို တိုက်ခိုက်မှု အသစ်တစ်ဖန် ပြန်လည် စတင်ခဲ့သည်။
အမေရိကန်စစ်တပ်၏ ယခုတစ်ကြိမ်တိုက်ခိုက်မှုသည် "အတိုင်းအတာကြီးမားပြီး ပြင်းထန်သော ထိုးနှက်ချက်ဖြစ်ကြောင်း"၊ ဟော်မုဇ် ရေလက်ကြားတွင် ရေမြှုပ်မိုင်းများ ထောင်ရန် အီရန်၏ ကြိုးပမ်းမှုနှင့် ဂျော်ဒန်ရှိ အမေရိကန် စစ်စခန်းသို့ ဒုံးကျည် ၈ စင်း ပစ်ခတ်ခဲ့မှုအပေါ် လက်တုံ့ပြန်သည့် အရေးယူဆောင်ရွက်မှု ဖြစ်ကြောင်း ယင်းတိုက်ခိုက်မှုအပြီး အမေရိကန် သမ္မတ ထရမ့်က လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။ အကယ်၍ အီရန်က ယခုတိုက်ခိုက်မှုကို လက်တုံ့ပြန်ပါက အမေရိကန်အနေဖြင့် “ပိုမို ပြင်းထန်ပြီး ပိုမို အဆင့်မြင့်သော” တိုက်ခိုက်မှု ကို နောက်တစ်ကြိမ် ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က အမေရိကန်၏ ယင်းနေ့ တိုက်ခိုက်မှုကို တုံ့ပြန်မှု စတင်နေပြီဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်တွင် ကြေညာခဲ့ပြီး အမေရိကန်စစ်တပ်၏ MQ-9 ဒရုန်းတစ်စင်းကို ပစ်ခတ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သည့် နာရီပိုင်းအတွင်း အီရန်မှ ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးကျည် ၁၀ စင်းကို ဂျော်ဒန် လေကြောင်းရန်ကာကွယ်ရေးစနစ်က ဟန့်တားနိုင်ခဲ့ပြီး အခြား ပဲ့ထိန်းဒုံးကျည် ၃ စင်းမှာ ဝေးလံခေါင်ဖျားသော ဒေသများသို့ ကျရောက်ခဲ့ကြောင်း ဂျော်ဒန်လက်နက်ကိုင်တပ်ဖွဲ့က စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် အခြေအနေများ တင်းမာနေပြီး "အခြေအနေများ မမျှော်လင့်ဘဲ ပိုမိုဆိုးရွားလာနိုင်သည့် ဘေးအန္တရာယ်ရှိကြောင်း" ၊ လက်ရှိ အရှေ့အလယ်ပိုင်းဒေသတွင် ရောက်ရှိနေသော အမေရိကန်နိုင်ငံသားများအနေဖြင့် သတိဝီရိယနှင့် နိုးနိုးကြားကြားရှိကြရန်၊ ထို့အပြင် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခြင်း၊ လေကြောင်းပိုင်နက် ယာယီပိတ်ထားခြင်းနှင့် ခရီးသွားလာရေး အဟန့်အတားဖြစ်နိုင်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန် ဂျော်ဒန်၊ ကာတာ၊ ဘာရိန်းနှင့် ဆော်ဒီအာရေဗျ စသည့် အရှေ့အလယ်ပိုင်း နိုင်ငံများရှိ အမေရိကန် သံရုံးများက ၎င်းတို့၏ တရားဝင် ဝက်ဘ်ဆိုက်များတွင် လုံခြုံရေး သတိပေးချက် ထုတ်ပြန်ထားသည်။ (Xinhua)
------------------
(Chinese Version)
美军称完成对伊朗的新一轮打击
新华社华盛顿9月1日电(记者黄强 徐剑梅)美军中央司令部1日在社交媒体发布消息说,美军已完成对伊朗军事目标的新一轮打击,目标包括伊朗伊斯兰革命卫队的防空阵地、雷达系统、海事资产与设施、布雷能力以及通信站点。
美军于美东时间1日12时开始对伊朗境内的伊朗伊斯兰革命卫队目标发动新一轮打击。美国总统特朗普随后在社交媒体发文称,美军此次打击“规模大、威力强”,是对伊朗企图在霍尔木兹海峡布设水雷以及向美国在约旦的军事基地发射8枚导弹的报复行动。如果伊朗对此次打击进行报复,美国将再次进行“更猛烈、更高级别”的打击。
伊朗伊斯兰革命卫队1日宣布已开始回应美方当天的袭击,并称击落一架美军MQ-9无人机。约旦武装部队2日凌晨发表声明说,约旦防空系统在过去数小时内拦截了10枚来自伊朗的弹道导弹,另有3枚弹道导弹落在偏远地区。
美国驻约旦、卡塔尔、巴林和沙特阿拉伯等中东国家的使馆已在其官网发布安全警报,称中东地区局势紧张且存在“局势意外升级的风险”,要求目前身处中东地区的美国公民保持谨慎和警惕,并做好航班取消、领空临时关闭以及出行可能受阻的准备。
