တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ နန်ဆန်း ခရိုင် တာ့ဆား မြစ်ကမ်းတစ်လျှောက်တွင်တည်ရှိသည့် သိပ္ပံနှင့်နည်းပညာပန်းခြံကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ နန်ဆန်း ခရိုင် တာ့ဆား မြစ်ကမ်းတစ်လျှောက်တွင်တည်ရှိသည့် သိပ္ပံနှင့်နည်းပညာပန်းခြံကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက 2026 APEC “တရုတ်နှစ်” အစီအစဉ်အောက်တွင် အခမ်းအနားများစွာ လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံဖြစ်သည့်အားလျော်စွာ အာရှ-ပစိဖိတ်မီဒီယာ အဆင့်မြင့် ဖိုရမ်ကို စက်တင်ဘာ ၅ ရက်တွင် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

"အာရှ-ပစိဖိတ် အသိုက်အဝန်း ဘုံသာယာဝပြောမှုလမ်းကြောင်းအား အတူလက်တွဲတည်ဆောက်ခြင်း- မီဒီယာ ဘုံသဘောတူညီမှုနှင့် လက်တွေ့လှုပ်ရှားမှု" ဟူသောခေါင်းစဉ်ဖြင့်ကျင်းပမည့် အဆိုပါဖိုရမ်တွင် ရလဒ်များစွာကို ထုတ်ပြန်ကြေညာသွားမည်ဟု မျှော်လင့်ရသည်။

အဆိုပါ အခမ်းအနားမကျင်းပမီတွင် ပါဝင်တက်ရောက်မည့် ဧည့်သည်တော်များသည် ကွမ်ကျိုး ၊ ဖော်ဆန်း၊ တုန်းကွမ်၊ ဆန်းကျန့်၊ ကျူးဟိုင်နှင့် ကျုံးဆန်း အပါအဝင် ကွမ်တုန်းပြည်နယ်အတွင်းရှိ မြို့များသို့ သွားရောက်လည်ပတ်လျက်ရှိသည်။

2026 APEC “တရုတ်နှစ်” ကာလအတွင်း တရုတ်နိုင်ငံရှိ မြို့အသီးသီး၌ အခမ်းအနားပေါင်း ၃၀၀ ခန့် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ အထူးသဖြင့် ၃၃ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေးကို နိုဝင်ဘာလတွင် ဆန်းကျန့်မြို့၌ ကျင်းပမည်ဖြစ်ရာ တရုတ်နိုင်ငံက အဆိုပါအစည်းအဝေးကို ၂၀၀၁ ခုနှစ်တွင် ရှန်ဟိုင်းမြို့၊ ၂၀၁၄ ခုနှစ်တွင် ပေကျင်းမြိုတို့တွင် လက်ခံကျင်းပခဲ့ပြီးနောက် တတိယအကြိမ်မြောက်  အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။

ဟောင်ကောင်နှင့်ကပ်လျက်တည်ရှိသည့် ဆန်းကျန့်မြို့သည် တရုတ်နိုင်ငံ၏ ပထမဆုံး အထူးစီးပွားရေးဇုန်များထဲမှ တစ်ခုဖြစ်ပြီး ဆယ်စုနှစ်လေးခုကျော်အတွင်း ဆန်းသစ်တီထွင်မှုနှင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှုများအတွက် ကမ္ဘာ့အချက်အချာနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ဆန်းကျန့်မြို့နှင့် APEC အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုသည် ၃၃ ရာခိုင်နှုန်း မြင့်တက်ကာ ယွမ် ၁.၉၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၉၂ ဘီလီယံခန့်) အထိ ရောက်ရှိခဲ့သည်။ ထိုပမာဏသည် ဆန်းကျန့်မြို့၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ၆၈.၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ဆန်းကျန့်မြို့သည် တရုတ်နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားသစ်များက အာရှ-ပစိဖိတ်ဒေသတစ်ဝန်းတွင် အခွင့်အလမ်းသစ်များ မည်သို့ဖန်တီးပေးနေကြောင်းဖော်ပြနေသည့် ဥပမာတစ်ခုဖြစ်သည်ဟု ကျွမ်းကျင်သူများက ယူဆထားကြသည်။ (Xinhua)

.........................

(English Version)

Asia-Pacific Media Forum to be held in China's Guangdong

BEIJING, Sept. 3 (Xinhua) -- The Asia-Pacific Media Forum will open on Saturday in Shenzhen, south China's Guangdong Province, as the country hosts a series of events under the 2026 APEC "China Year."

Multiple outcomes are expected to be unveiled at the forum, under the theme of "Building a Path to Shared Prosperity for the Asia-Pacific Community: Media Consensus and Action."

Ahead of the event, participating guests are visiting cities in Guangdong, including Guangzhou, Foshan, Dongguan, Shenzhen, Zhuhai and Zhongshan.

During the 2026 APEC "China Year," approximately 300 events are scheduled to take place across multiple cities in China. Notably, the 33rd APEC Economic Leaders' Meeting will be held in Shenzhen in November. It will be China's third time hosting the event, following Shanghai in 2001 and Beijing in 2014.

Adjacent to Hong Kong, Shenzhen was one of China's first special economic zones and has since evolved, over four decades, into a global hub for innovation and advanced manufacturing.

In the first half of 2026, Shenzhen's trade with other APEC economies rose 33 percent to 1.98 trillion yuan (about 292 billion U.S. dollars), accounting for 68.8 percent of its total foreign trade. Experts believe Shenzhen illustrates how China's new growth drivers are generating new opportunities across the Asia-Pacific region.  

Photo caption: Aerial photo taken on Sept. 27, 2020 shows the science and technology park along the bank of the Dasha River in Nanshan District of Shenzhen, south China's Guangdong Province. (Xinhua/Mao Siqian)