ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်တွင် ကျင်းပသော (၁၀) ကြိမ်မြောက် အရှေ့တိုင်း စီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးသို့ ရုရှားသမ္မတ ပူတင် တက်ရောက်မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်တွင် ကျင်းပသော (၁၀) ကြိမ်မြောက် အရှေ့တိုင်း စီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးသို့ ရုရှားသမ္မတ ပူတင် တက်ရောက်မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗလာဒီဗော့စတော့ခ်၊ ရုရှား၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ရုရှား-ယူကရိန်း ပဋိပက္ခကို ဖြေရှင်းနိုင်သည့် ဖြစ်နိုင်ခြေမှာ ရှိနေဆဲဖြစ်သော်လည်း အပြီးသတ် အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိဆိုသည်မှာ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် နှစ်ဖက်စလုံးပေါ်တွင် မူတည်ကြောင်း ရုရှားသမ္မတ ပူတင်က စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

ပဋိပက္ခကို ဖြေရှင်းရာတွင် ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံးအနေဖြင့် ဘုံသဘောတူညီချက် ရရှိနိုင်ခြင်း ရှိနိုင်၊ မရှိနိုင်မှာ အရေးကြီးဆုံးအချက်ဖြစ်ကြောင်း ပူတင်က ထိုနေ့ အရှေ့တိုင်း စီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးတွင် ပြောကြားရာ၌ ထောက်ပြခဲ့သည်။ အရပ်ဘက် သင်္ဘောများကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် အရပ်ဘက် လေယာဉ်များကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခြင်းများသည် "နိုင်ငံတော် အဆင့်အကြမ်းဖက်မှု လုပ်ရပ်" ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ယူကရိန်း၏ အနောက်နိုင်ငံ မဟာမိတ်များသည် ယင်းနှင့်ပတ်သက်၍ နှုတ်ဆိတ်နေကြပြီး "အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု လုပ်ရပ်များတွင် ပူးပေါင်းပါဝင်သူ" အဖြစ် ဆောင်ရွက်နေကြကြောင်း၊ ယင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် အထောက်အကူ မဖြစ်စေကြောင်း ၎င်းက ဆိုသည်။

ရုရှား-အမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်၍ ပူတင်က သတင်းအချက်အလက်ဌာနများ ပါဝင်သည့် နှစ်နိုင်ငံ သက်ဆိုင်ရာ ဌာနများသည် ဆက်သွယ်မှု ကင်းကွာခြင်းမရှိဘဲ အစဉ်အမြဲ ထိတွေ့ဆက်ဆံလျက်ရှိကြောင်း၊ အဆိုပါ ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် အပြုသဘောဆောင်သည့် ရလဒ်များ ဆောင်ကြဉ်းပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အရှေ့တိုင်း စီးပွားရေးဖိုရမ်သည် ရုရှားနိုင်ငံ၏ အရေးပါသော ဘက်စုံ နိုင်ငံတကာ စီးပွားရေး စင်မြင့်တစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုအကြိမ် ဖိုရမ်ကို စက်တင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၄ ရက်ကြာ ကျင်းပမည် ဖြစ်သည်။ (Xinhua)

------------------------------------------

(Chinese Version)

普京:解决俄乌冲突的可能性依然存在

新华社符拉迪沃斯托克9月3日电(记者王作葵 孙萍)俄罗斯总统普京3日说,解决俄乌冲突的可能性依然存在,但能否实现最终取决于卷入冲突的当事双方。

  普京当天在东方经济论坛全体会议上指出,解决冲突的关键在于俄乌双方是否能够达成共识。普京表示,攻击、劫持民用船只,威胁对民用飞机发动攻击是“国家恐怖主义行为”。乌克兰的西方盟友对此默不作声,充当“国际恐怖主义活动的共犯”。这无助于和平谈判的进行。

  谈及俄美关系,普京说,两国相关部门,包括情报部门,一直保持着联系,他希望这种联系能带来积极的成效。

  东方经济论坛是俄罗斯重要的多边国际平台,于2015年开始举办。本届论坛1日开幕,为期4天。

图说 :2025 年9月5日,俄罗斯总统普京在符拉迪沃斯托克出席第十届东方经济论坛全体会议时发表讲话。新华社发(郭飞洲摄)