နေပြည်တော်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ Times City တွင် ၈ ကြိမ်မြောက် သီတင်းကျွတ်ကျောက်မျက်ရတနာအထူးဈေးရောင်းပွဲတော် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (စက်တင်ဘာ ၄ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ စျေးရောင်းပွဲတော်ကို အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်ထိ သုံးရက်တိုင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်း ကျောက်မျက်ရတနာအထူးဈေးရောင်းပွဲတော်၌ မြန်မာနိုင်ငံမှ ထွက်ရှိသော ရှားပါး ကျောက်မျက်ရတနာများ၊ ကျောက်မျက်အချောထည်များအပြင် အကြမ်းထည်များကိုလည်း တစ်နေရာထဲတွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)








