ဆန်းကျန့်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
"အာရှ-ပစိဖိတ်ဒေသရဲ့ မတူကွဲပြားမှုကို အတားအဆီးအနေနဲ့ မရှုမြင်သင့်ပါဘူး။ အဲဒီအရာက စွမ်းအားအရင်းအမြစ်တစ်ခု ဖြစ်နိုင်ပါတယ်" ဟု အာရှ-ပစိဖိတ် မီဒီယာဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ CNN သတင်းဌာန၏ အကြီးတန်းဒုတိယဥက္ကဋ္ဌ ကွန်စတန်တီနော့စ် အိုက်ကိုနိုမူက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ စက်တင်ဘာ ၅ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည့် အဆိုပါဖိုရမ်သို့ အာရှ-ပစိဖိတ်ဒေသနှင့် အခြားဒေသများမှ ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ (Xinhua)
..................................
(English Version)
Diversity of Asia-Pacific region can be source of strength: CNN senior official
"That diversity (of the Asia-Pacific region) should not be seen as an obstacle. It can be a source of strength," said Konstantinos Oikonomou, senior vice president of CNN at the opening of the Asia-Pacific Media Forum. The forum, which opened on Saturday in China's Shenzhen, has brought together more than 400 representatives from the Asia-Pacific region and beyond.








