အောင်လံ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
အောင်လံမြို့ မြို့မစျေးကြီးတွင် သရက်မြို့ နယ်မှထွက်ရှိသည့် ရာသီပေါ်သစ်သီး သြဇာသီးများကို စျေးသည်များ ရောင်းချမှုနှင့် ဝယ်ယူနေကြသည့် ပြည်သူများ မြင်ကွင်းကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက ရိုက်ကူးထားတာ ဖြစ်ပါသည်။
သြဇာသီးပင်များကို သရက်မြို့နယ် ဆင်တဲကျေးရွာနှင့် ရေဖြူကျေးရွာများမှ အများဆုံးစိုက်ပျိုးထွက်ရှိတာဖြစ်ပြီး သြဇာသီးများကို အောင်လံမြို့ မြို့မစျေးကြီးတွင် လာရောက်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်သြဇာသီးစျေးကွက်အတွင်း အကြီး၊ အသေး၊ အလတ်ပေါ် မူတည်ကာ ကျပ် ၅၀၀ မှ စတင်ကာ ကျပ်တစ်ထောင်အထိ ရှိကြောင်း သြဇာသီး ရောင်းချသူများထံမှ သိရပါသည်။ (Xinhua)
#သြဇာသီး #အောင်လံ








