
နယူးယောက်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
Amazon ကုမ္ပဏီ၏ ကုန်တင်လေယာဉ်တစ်စင်းသည် စက်တင်ဘာ ၆ ရက်တွင် အမေရိကန်နိုင်ငံ မိုင်ယာမီမြို့ရှိ မိုင်ယာမီ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆင်းသက်စဉ် ပြေးလမ်းမှချော်ထွက်၍ ကားများအား တိုက်မိကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၅ ဦး သေဆုံး၍ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းအနက် ၃ ဦးသည် ဒဏ်ရာအခြေအနေ ပြင်းထန်ကြောင်း သိရသည်။
Miami-Dade ခရိုင် ရဲမှူး Rosie Cordero-Stutz က အဆိုပါကုန်တင်လေယာဉ်သည် ထိုနေ့ နေ့လယ် ၁ နာရီ ၅၈ မိနစ်တွင် ပြေးလမ်းမှ ချော်ထွက်သွားပြီးနောက် တိုက်မိမှုဖြစ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ Miami-Dade ခရိုင် ခရိုင်မှူး Daniella Levine Cava က ဒဏ်ရာရရှိသူ ၅ ဦးကို ဆေးရုံသို့ ပို့ဆောင်ပြီးဖြစ်သည်ဟု ဆိုသည်။
ဒေသတွင်းမီဒီယာများက ထုတ်ပြန်သော ဗီဒီယိုအရ လေယာဉ်သည် မီးခိုးလုံးများ တစ်လိပ်လိပ် ထွက်လာသော်လည်း ဖွဲ့စည်းပုံအများစုမှာ အခြေခံအားဖြင့် အကောင်းအတိုင်းရှိကြောင်း တွေ့မြင်ရသည်။ Miami-Dade ခရိုင် မီးသတ်ဌာနက ထုတ်ပြန်သောသတင်းအရ အဆိုပါမီးသတ်ဌာနက မီးငြှိမ်းသတ်ရန် မီးသတ်သမားများ စေလွှတ်ခဲ့ကြောင်း သိရသည်။
အမေရိကန် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးဌာန (FAA) က အဆိုပါ ဘိုးရင်း 767-300 ကုန်တင်လေယာဉ်သည် ပေါ်တိုရီကိုမြို့မှ စတင်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း၊ FAA သည် အဆိုပါမတော်တဆဖြစ်မှု ဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။
အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းမှု ဘုတ်အဖွဲ့ (NTSB) က အဆိုပါဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန်အတွက် ကျွမ်းကျင်ပညာရှင်အဖွဲ့ငယ်အား မိုင်ယာမီသို့ သွားရောက်ရန် စေလွှတ်ခဲ့ပြီးဖြစ်သည်ဟု ဆိုထားကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
亚马逊公司货机在迈阿密降落时发生事故 5死5伤
新华社纽约9月6日电(记者徐静)一架亚马逊公司货机6日在美国迈阿密国际机场降落时冲出跑道,撞上车辆并起火,造成5人死亡、5人受伤,其中三人伤势严重。
迈阿密-戴德县警长罗茜·科德罗-斯图茨在新闻发布会上说,这架货机于当天13时58分冲出跑道后发生碰撞。迈阿密-戴德县县长丹妮拉·莱文·卡瓦说,5名伤者已被送往医院。
当地媒体发布的视频显示,飞机冒出滚滚浓烟,但大部分结构基本完好。据迈阿密-戴德县消防局消息,该局派出消防员灭火。
美国联邦航空局发表声明说,这架波音767-300货机从波多黎各起飞,该局将对这起事故展开调查。
美国国家运输安全委员会已派遣专家小组前往迈阿密调查这起事件。(完)
图说:2025年11月1日,一架飞机在美国弗吉尼亚州阿灵顿的里根国家机场滑行。新华社记者 胡友松 摄








