
ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
ပလောင်း စသည့် နိုင်ငံအချို့က ထိုင်ဝမ်နှင့် ဆက်ဆံရေး ဟူသည်ကို ထိန်းသိမ်းထားခြင်းမှာ နိုင်ငံနှင့် ပြည်သူလူထု၏ အခြေခံအကျိုးစီးပွားအတွက် မဟုတ်ဘဲ အကျိုးရသူလူနည်းစု၏ “ငွေကြေးအမြတ်ထုတ်ရန်” အတွက်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ထိုင်ဝမ်အာဏာပိုင်များသည် ပလောင်းနိုင်ငံအတွက် အကူအညီငွေကို ယမန်နှစ်က ကန်ဒေါ်လာ ၁၈ သန်းမှ ယခုနှစ်တွင် ကန်ဒေါ်လာ ၂၅ သန်းအထိ တိုးမြှင့်ပေးအပ်ခဲ့ရာ ပစိဖိတ်ကျွန်းစုများဖိုရမ်တွင် နိုင်ငံရေးအရ ထောက်ခံမှုရရှိရန် ရည်ရွယ်ခြင်းဖြစ်သည်မှာ ထင်ရှားကြောင်း၊ ထို့ပြင် ထိုင်ဝမ်အာဏာပိုင်များက ပလောင်းနိုင်ငံမှ အဓိကနိုင်ငံရေးပုဂ္ဂိုလ်များအား ကန်ဒေါ်လာ ၂၈၁,၀၀၀ နီးပါး ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး ပလောင်းနိုင်ငံ၏ သမ္မတဟောင်း၊ လက်ရှိအစိုးရအကြီးတန်းပုဂ္ဂိုလ်များနှင့် လွှတ်တော်အမတ်များအား တိုက်ရိုက်ငွေသားပေးအပ်ခဲ့ကြောင်း မကြာမီရက်ပိုင်းက Solomon Star သတင်းစာ၏ ဖော်ပြချက်အရ သိရသည်ဟု ပြောကြားခဲ့သည်။ ယင်းငွေကြေးများသည် ထိုင်ဝမ်အခွန်ထမ်းပြည်သူများ၏ ချွေးနည်းစာများဖြစ်သော်လည်း ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းရာတွင် အသုံးပြုခြင်းမရှိကြောင်း သတင်းတွင် ဖော်ပြထားကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့မှတ်ချက်ပြုပါသနည်းဟု ၎င်းက မေးမြန်းခဲ့သည်။
"သက်ဆိုင်ရာ သတင်းဖော်ပြချက်က လိုက်ချင်းသဲအာဏာပိုင်များဟာ ထိုင်ဝမ်ပြည်သူများရဲ့ သွေးနှင့်ချွေးဖြင့် ရှာထားသောငွေကြေးများကို ကိုင်ဆောင်ကာ 'ရွှေဒင်္ဂါးသံတမန်ရေး' ကို အလွဲသုံးစားပြုလုပ်လေ့ရှိပြီး 'ရွှေဒင်္ဂါးသံတမန်ရေး' မှတစ်ဆင့် အဂတိလိုက်စားကိုယ်ကျိုးရှာမှု၊ အကျိုးစီးပွားလွှဲပြောင်းပေးမှု၊ ငွေနှင့် အာဏာလဲလှယ်မှုတို့ကို လုပ်ဆောင်ကာ 'ထိုင်ဝမ်ခွဲထွက်ရေးသမားများ' ရဲ့ ခွဲထွက်ရေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ နိုင်ငံရေးတွက်ချက်မှုများအတွက် ဆောင်ရွက်တာကို ထပ်မံသက်သေပြလိုက်ခြင်းဖြစ်တယ်" ဟု မော်နင်က ပြောကြားခဲ့သည်။ "ပလောင်းနိုင်ငံအပါအဝင် နိုင်ငံအချို့က ထိုင်ဝမ်နဲ့ ဆက်ဆံရေး ဆိုတာကို ထိန်းသိမ်းထားခြင်းမှာ နိုင်ငံနဲ့ ပြည်သူများရဲ့ အခြေခံအကျိုးစီးပွားအတွက်မဟုတ်ဘဲ အကျိုးရသူ လူနည်းစုရဲ့ 'ငွေကြေးအမြတ်ထုတ်ရန်' အတွက်ဖြစ်တယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
--------------------------
(Chinese Version)
外交部:帕劳同台保持所谓关系是为“圈钱”
新华社北京9月7日电(记者万倩仪、曹嘉玥)外交部发言人毛宁7日表示,帕劳等个别国家同台保持所谓关系,不是为了国家和民众根本利益,而是为少数既得利益者“圈钱”。
当日例行记者会上,有记者问:日前,《所罗门星报》报道披露,台湾当局对帕劳援助从去年的1800万美元增加至今年的2500万美元,显然是为了在太平洋岛国论坛中争取政治支持。此外,台当局还向帕劳政要提供近28.1万美元赠款,直接现金赠予帕前总统、现政要及议员等。报道称这些钱都是台湾纳税人辛苦赚来的钱,但却没用在解决民生问题上。中方对此有何评论?
“有关报道再次证明,赖清德当局惯于拿着台湾百姓的血汗钱滥施‘金元外交’,并通过‘金元外交’搞腐败营私、利益输送和权钱交易,为‘台独’分裂和个人的政治算计服务。”毛宁说,“帕劳等个别国家同台保持所谓关系,不是为了国家和民众根本利益,而是为少数既得利益者‘圈钱’。”(完)








