ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies) အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၇ ရက်က ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (စက်တင်ဘာ ၈ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “Clean Air for Climate Action” “ရာသီဥတုကောင်းမွန်ဖို့ သန့်ရှင်းသောလေဖန်တီးစို့” နှင့်အညီ ရာသီဥတုပြောင်းလဲမှုနှင့် လေထုညစ်ညမ်းမှုက ကမ္ဘာမြေနှင့် လူသားအပြန်အလှန် ဆက်နွှယ်နေသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး လေထုညစ်ညမ်းမှုကို လျှော့ချခြင်းဖြင့် ရာသီဥတု ဖောက်ပြန်မှုကို တိုက်ဖျက်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရန် လိုအပ်ကြောင်း၊ လူသားအားလုံးလက်တွဲ ညီညာစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်ကို လေးစားတန်ဖိုးထားစိတ်နှင့် ထိန်းသိမ်းသည့် အမူအကျင့်များပြောင်းလဲကာ လက်တွေ့လုပ်ဆောင်မှုများ ဖြစ်ပေါ်လာစေပြီး မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက အဆိုပါအခမ်းအနားတွင် ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။ ဆက်လက်၍ အခမ်းအနားတွင် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယိုကို ပြသခဲ့ကြောင်း သိရသည်။ (Xinhua)








