
လျန်ယွင်ကန် (ကျန်းဆူး)၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
တတိယအကြိမ်မြောက် ပြည်သူ့လုံခြုံရေး သိပ္ပံနည်းပညာဆိုင်ရာ ပစ္စည်းကိရိယာပြပွဲကို စက်တင်ဘာ ၈ ရက်တွင် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ်၊ လျန်ယွင်ကန်မြို့၌ ဖွင့်လှစ်ပြသခဲ့သည်။ ယင်းပြပွဲ၏ဆောင်ပုဒ်မှာ “နည်းပညာဖြင့် စွမ်းဆောင်ရည်မြှင့်တင်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှု” ဖြစ်သည်။
ယခုပြပွဲကို ၅ ရက်ကြာကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ပထမသုတေသနအင်စတီကျုမှ ကြီးမှူးကျင်းပခြင်းဖြစ်ကာ စုစုပေါင်းဧရိယာ ၁၃,၀၀၀ စတုရန်းမီတာကျော်ရှိ၍ ပြည်သူ့လုံခြုံရေးနှင့် ရဲတပ်ဖွဲ့သုံးပစ္စည်းကိရိယာနယ်ပယ်မှ ကုမ္ပဏီလုပ်ငန်းပေါင်း ၁၀၀ ကျော် ပါဝင်ပြသကြသည်။
ပြပွဲသည် “ရိုးရှင်းမှု၊ ကျွမ်းကျင်မှု၊ လက်တွေ့ကျမှု” ဟူသော သဘောတရားကို လက်ကိုင်ထားကာ ပစ္စည်းကိရိယာနည်းပညာပြခန်း၊ နိုင်ငံခြားလုံခြုံရေးဝန်ဆောင်မှုဖြေရှင်းနည်းပြခန်း၊ ပစ္စည်းကိရိယာတင်ပို့ရေးဆိုင်ရာ ဘက်စုံဝန်ဆောင်မှုပြခန်းနှင့် ယာဉ်ပြခန်းစသည့် ကဏ္ဍများ စီစဉ်ထားရှိပြီး တရုတ်နိုင်ငံ၏ ခေတ်မီ ရဲတပ်ဖွဲ့သုံး သိပ္ပံနည်းပညာဆိုင်ရာ ပစ္စည်းကိရိယာများ တည်ဆောက်မှုတွင် ကြွယ်ဝသောအောင်မြင်မှုများနှင့် ပြည်သူ့လုံခြုံရေးပစ္စည်းကိရိယာတင်ပို့ရေးနယ်ပယ်တွင် တစ်သားတည်း ဖြေရှင်းနည်းများကို စုစည်းပြသကာ ပြည်သူ့လုံခြုံရေးစီမံခန့်ခွဲမှုအတွေ့အကြုံများကို မျှဝေပေးလျက်ရှိသည်။ တစ်ချိန်တည်းတွင် ကျွမ်းကျင်မှုဆိုင်ရာ ရဲတပ်ဖွဲ့ အထူးပြခန်း ၆ ခုကိုလည်း စီစဉ်ထားရှိပြီး ပတ်ဝန်းကျင်းဆိုင်ရာ၊ ကျွမ်းကျင်မှုဆိုင်ရာ ဖြေရှင်းနည်းများမှတစ်ဆင့် သိပ္ပံနည်းပညာဖြင့် ရဲတပ်ဖွဲ့လုပ်ငန်းများအား စွမ်းဆောင်ရည်မြှင့်တင်သည့် နောက်ဆုံးပေါ်လက်တွေ့အောင်မြင်မှုများကို စုစည်းပြသလျက်ရှိသည်။ (Xinhua)
...............................
(Chinese Version)
第三届公共安全科技装备展在连云港开幕
新华社照片,连云港(江苏),2026年9月8日
9月8日,第三届公共安全科技装备展在江苏省连云港市开幕,展览主题为“科技赋能 合作共赢”。
本届装备展为期5天,由公安部第一研究所主办,总面积逾13000平方米,共邀请100余家公共安全和警用装备领域企业参展。装备展秉持“简约、专业、务实”理念,设置装备技术展区、海外安保服务解决方案展区、装备出口综合服务展区及车辆展区等板块,集中展示我国现代化警用科技装备建设丰硕成果,以及在公共安全装备出口领域的一体化解决方案,分享公共安全治理经验;同时设置6个专业警种展区,通过场景化专业化解决方案,集中展现科技赋能警务的最新实践成果。
图说1:9月8日,众擎T800机器人在公共安全科技装备展上展示格斗术。 新华社记者 殷刚 摄
图说2:这是9月8日在公安部第一研究所展位拍摄的无人机装备。新华社记者 殷刚 摄








