
ဆစ်ဒနီ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ဆန်းကျန့်လေကြောင်းလိုင်းသည် ၁၀ ခုမြောက် တရုတ်လေကြောင်းလိုင်းအဖြစ် ဆစ်ဒနီလေဆိပ်သို့ ဒီဇင်ဘာမှစတင်၍ ပျံသန်းပြေးဆွဲတော့မည်ကို ကြိုဆိုကြောင်း ဆစ်ဒနီလေဆိပ်က စက်တင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာ ဆန်းကျန့်မြို့မှ ဆစ်ဒနီမြို့သို့ သီတင်းပတ် တစ်ပတ်လျှင်လေးကြိမ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါ လေဆိပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
"တရုတ်နိုင်ငံက ဆစ်ဒနီလေဆိပ်အတွက် အရေးကြီးဆုံး နိုင်ငံတကာဈေးကွက်တွေထဲကတစ်ခုအဖြစ် ဆက်ရှိနေပါတယ်၊ လေဆိပ်ရဲ့နိုင်ငံတကာခရီးသည်အဖွဲ့တွေထဲမှာ တရုတ်နိုင်ငံသားခရီးသည်တွေက ဒုတိယအများဆုံးဖြစ်ပြီး မနှစ်ကထက် ၁၃.၉ ရာခိုင်နှုန်း တိုးလာပါတယ်" ဟု ဆစ်ဒနီလေဆိပ်၏ အလုပ်အမှုဆောင် အရာရှိချုပ် Scott Charlton က ပြောကြားခဲ့သည်။
ယခုလို စတင်ပြေးဆွဲခြင်းကြောင့် ဆန်းကျန့်လေကြောင်းလိုင်းသည် ဆစ်ဒနီသို့ခရီးစဉ်ပြေးဆွဲသည့် ၁၀ ခုမြောက် တရုတ်နိုင်ငံအခြေစိုက်လေကြောင်းလိုင်း ဖြစ်လာမည်ဖြစ်ပြီး လေဆိပ်တွင်ပြေးဆွဲလျက်ရှိသည့် စုစုပေါင်း လေကြောင်းလိုင်းအရေအတွက်မှာလည်း ၅၅ လိုင်းအထိ စံချိန်တင်တိုးတက်လာမည်ဖြစ်သည်။ (Xinhua)
…………….
(English Version)
Sydney Airport to welcome Shenzhen Airlines flights from December
SYDNEY, Sept. 10 (Xinhua) -- Sydney Airport on Thursday announced that it will welcome Shenzhen Airlines as its 10th Chinese carrier from December.
The airport said in a statement that Shenzhen Airlines will begin operating services from Shenzhen to Sydney four times a week from Dec. 14.
"China remains one of Sydney Airport's most important international markets, with Chinese nationals the airport's second-largest international traveller group up 13.9 percent year-on-year," Sydney Airport Chief Executive Officer Scott Charlton said.
It will make Shenzhen Airlines the 10th Chinese-based carrier flying to and from Sydney and increase the total number of carriers operating at the airport to a record high of 55.
Photo caption: Photo taken on July 1, 2022, shows passengers at Sydney Airport in Sydney, Australia. (Photo by Hu Jingchen/Xinhua)








