ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

မကြာသေးမီက “တရုတ်နိုင်ငံသည် မိမိ၏ ဖွံ့ဖြိုးတိုးတက်မှုကိုသာ ဂရုစိုက်ပြီး အခြား ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး ‘တက်လမ်း’ ကို ဖယ်ရှားပစ်သည်” ဟူသော အသံအချို့အား ဝါဒဖြန့်ပြောဆိုမှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က စက်တင်ဘာ ၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုများကို ဖြေကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် မည်သည့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး “တက်လမ်း” ကိုမျှ မည်သည့်အခါကမျှ ဖယ်ရှားပစ်မည်မဟုတ်ဘဲ “တက်လမ်းခင်းပေးရန်” သာ အစဉ်တစိုက် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ကိုယ်တိုင်လည်း တိုးတက်အောင် လုပ်ဆောင်ရင်း အခြားသူများကိုလည်း အောင်မြင်အောင် ကူညီခြင်းသည် တရုတ်နိုင်ငံက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အခြေခံ စံတန်ဖိုး အုတ်မြစ်ဖြစ်ကြောင်း၊ “တက်လမ်းဖယ်ရှားပစ်ခြင်း” ဟူသော ပြောဆိုချက်သည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများတွင် ဈေးကွက်မရှိကြောင်း၊ တရုတ်နိုင်ငံသည် အပြန်အလှန်အကျိုးရှိ၍ ဘုံအကျိုးဖြစ်ထွန်းရေးနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး အယူအဆကို အစဉ်အမြဲ စွဲကိုင်ကာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး မိမိ၏ ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း ရှင်သန်ထွန်းကားရေးကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

-------------------------

(Chinese Version)

外交部:中国从来不会抽走任何国家发展的“梯子”

  新华社北京9月9日电(记者万倩仪、王慧慧)针对近期舆论有炒作“中国只顾自身发展,抽走了其他南方国家发展的‘梯子’”的声音,外交部发言人毛宁9日在例行记者会上答问时表示,中国从来不会抽走任何国家发展的“梯子”,而是致力于“搭梯子”。立己达人是中国开展对外合作的价值底色,所谓“抽梯子”的说法在南方国家没有市场,中国将始终秉持互利共赢共同发展的理念,做南方国家可信赖的伙伴,以自身发展助力全球南方振兴。