
ဒိုဟာ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
သဘောတူညီချက်များ ရှာဖွေဖော်ဆောင်ရန်အတွက် မူလက စက်တင်ဘာ ၁၄ ရက်တွင် အိုမန်နိုင်ငံ တောင်ပိုင်းမြို့ ဆာလာလာရ်၌ ကျင်းပရန် စီစဉ်ထားသည့် ဒေသတွင်းအစည်းအဝေးအား နောက်ဆုတ်လိုက်ပြီဖြစ်ကြောင်း အိုမန်နိုင်ငံခြားရေးဝန်ကြီး Sayyid Badr bin Hamad Al Busaidi က စက်တင်ဘာ ၁၃ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။
အိုမန်အနေဖြင့် တွေ့ဆုံဆွေးနွေးမှုကို ဆက်လက်ကြိုးပမ်း မြှင့်တင်သွားမည်ဖြစ်ပြီး ဒေသတွင်း တည်ငြိမ်မှုနှင့် ရေရှည် ပူးပေါင်းဆောင်ရွက်မှုအတွက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း Sayyid Badr bin Hamad Al Busaidi က ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘဂါအီက အီရန်နှင့် အိုမန်တို့သည် စက်တင်ဘာ ၁၄ ရက်တွင် ကျင်းပသော သက်ဆိုင်ရာ ဒေသတွင်းအစည်းအဝေး၌ ပင်လယ်ကွေ့ဒေသနိုင်ငံများထံသို့ နှစ်နိုင်ငံ၏ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှုဆိုင်ရာ အရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းမှုရလဒ်ကို အစီရင်ခံ အကြောင်းကြားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်ဟု ကာတာ Al Jazeera ရုပ်သံလိုင်း၏ စက်တင်ဘာ ၁၂ ရက် သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
---------------------
(Chinese Version)
阿曼宣布推迟原定14日举行的地区会议
新华社多哈9月13日电(记者汪强)马斯喀特消息:阿曼外交大臣巴德尔13日在社交媒体发文称,为寻求共识,原定14日在阿曼南部城市塞拉莱举行的地区会议已推迟。
巴德尔说,阿曼将继续致力促进对话,为地区稳定与持久合作提供支持。
据卡塔尔半岛电视台12日报道,伊朗外交部发言人巴加埃表示,伊朗和阿曼预计将在14日举行的相关地区会议上,向海湾国家通报两国有关霍尔木兹海峡通航问题的磋商结果。(完)
图说:这是6月20日在阿曼北部小镇海塞卜拍摄的霍尔木兹海峡南侧现状。新华社记者温新年摄








