
ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ထရမ့်အစိုးရ၏ နိုင်ငံခြားကျောင်းသားများ၊ ဖလှယ်ရေးအစီအစဉ်ဖြင့် လာရောက်သူများနှင့် နိုင်ငံခြားမီဒီယာကိုယ်စားလှယ်များအား အမေရိကန်နိုင်ငံတွင် နေထိုင်နိုင်သောကာလအပေါ် ပုံသေ သတ်မှတ်ကာလ ကန့်သတ်ချက်များ ချမှတ်မည့် စည်းမျဉ်းအား အမေရိကန်ဖက်ဒရယ်တရားသူကြီးက စက်တင်ဘာလ ၁၄ ရက်တွင် ပယ်ချခဲ့ကြောင်း သိရသည်။
အုပ်ချုပ်မှုလုပ်ငန်း နည်းဥပဒေ ပုဒ်မ ၇၀၅ အရ စည်းမျဉ်း အသက်ဝင်မည့်ရက်ကို ရွှေ့ဆိုင်းရန် တရားလိုများ၏ လျှောက်ထားတင်ပြချက်ကို မက်ဆာချူးဆက်ခရိုင်မှ တရားသူကြီး F. Dennis Saylor IV က ခွင့်ပြုပေးခဲ့သည်။ အဆိုပါစည်းမျဉ်းသည် စက်တင်ဘာလ ၁၅ ရက်တွင် အသက်ဝင်မည်ဖြစ်သည်။
အမေရိကန် အမိမြေ လုံခြုံရေးဝန်ကြီးဌာနမှ ဇူလိုင်လက ထုတ်ပြန်ခဲ့သော စည်းမျဉ်းအသစ်တွင် လက်ရှိ F-class ပညာသင်ကျောင်းသားများ၊ J-class ဖလှယ်ရေးအစီအစဉ်ဖြင့် လာရောက်သည့် ဧည့်သည်များနှင့် နိုင်ငံခြားသတင်းမီဒီယာ I-class ကိုယ်စားလှယ်များအတွက် ကျင့်သုံးနေသော "ကာလရှည် နေထိုင်ခွင့်" စနစ်ကို ပုံသေ သတ်မှတ်ကာလ ကန့်သတ်ချက်များဖြင့် အစားထိုးမည်ဖြစ်သည်။
အသစ်ထုတ်ပြန်သည့် စည်းမျဉ်းအရ F-class နှင့် J-class ရရှိထားသော ရွှေ့ပြောင်းနေထိုင်သူမဟုတ်သူများသည် ယေဘုယျအားဖြင့် ၎င်းတို့၏ပညာရေး သို့မဟုတ် လာရောက်သည့် အစီအစဉ်များပြီးဆုံးချိန်အတွက် အများဆုံး လေးနှစ်နှင့် နောက်ထပ် ရက် ၃၀ အကြာတွင် အမေရိကန်နိုင်ငံမှ ပြန်လည် ထွက်ခွာရမည်ဖြစ်သည်။ ၎င်းတို့၏ ပညာသင်ကြားမှု၊ လေ့ကျင့်မှု သို့မဟုတ် လာရောက်သည့် အစီအစဉ်များကို ပြီးဆုံးရန် အချိန်ပိုရယူရန် လိုအပ်သူများအနေဖြင့် အမေရိကန် နိုင်ငံသားပြုမှုနှင့် လူဝင်မှုကြီးကြပ်ရေးဌာနသို့ သက်တမ်းတိုး လျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။
I-class ရရှိထားသော နိုင်ငံခြားမီဒီယာကိုယ်စားလှယ်များသည် ၎င်းတို့၏ လုပ်ငန်းများဆောင်ရွက်ရန် သို့မဟုတ် တာဝန်များကို ပြီးမြောက်ရန် လိုအပ်သောကာလအတွက် တစ်ကြိမ်လျှင် ရက်ပေါင်း ၂၄၀ ထက်မပိုဘဲ နေထိုင်ခွင့်ပေးမည်ဖြစ်ပြီး လိုအပ်ပါက သက်တမ်းတိုး ထပ်မံ လျှောက်ထားနိုင်မည်ဖြစ်သည်။ (Xinhua)
……………………
(English version)
U.S. judge blocks new stay limits for foreign students, journalists
SAN FRANCISCO, Sept. 14 (Xinhua) -- A U.S. federal judge on Monday blocked a Trump administration rule that would impose fixed limits on how long foreign students, exchange visitors and representatives of foreign media may stay in the United States.
Judge F. Dennis Saylor IV of the District of Massachusetts granted the plaintiffs' request to postpone the rule's effective date under Section 705 of the Administrative Procedure Act. The rule was scheduled to take effect on Tuesday.
The new rule, published by the U.S. Department of Homeland Security in July, would have replaced the "duration of status" system currently applied to F-class academic students, J-class exchange visitors and I-class representatives of foreign information media with fixed periods of admission.
Under the rule, F and J nonimmigrants would generally be admitted for the duration of their academic or exchange programs, subject to a maximum of four years, followed by a 30-day departure period. Those needing additional time to complete their studies, training or exchange programs would need to apply to U.S. Citizenship and Immigration Services for an extension.
I-class foreign media representatives would be admitted for the period necessary to complete their activities or assignments, for no more than 240 days at a time, with extensions available.
Photo caption - Immigration and Customs Enforcement (ICE) agents patrol at La Guardia Airport in New York, the United States, on March 23, 2026. (Xinhua/Zhang Fengguo)








