စပိန်နိုင်ငံ ကော်နယ်လာမြို့ရှိ RCDE အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၂ ရက်က အက်စပန်ညိုအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်တွင် ဂျုဒ် ဘယ်လင်ဟမ် (ဝဲ-ဒုတိယ၊ ရှေ့) ၏ သွင်းဂိုးအတွက် ရီးရဲလ်မက်ဒရစ် ကစားသမားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ ကော်နယ်လာမြို့ရှိ RCDE အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၂ ရက်က အက်စပန်ညိုအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်တွင် ဂျုဒ် ဘယ်လင်ဟမ် (ဝဲ-ဒုတိယ၊ ရှေ့) ၏ သွင်းဂိုးအတွက် ရီးရဲလ်မက်ဒရစ် ကစားသမားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၁၅ ရက်တွင် အယ်လ်ချီအသင်း၏ အိမ်ကွင်း၌ သွားရောက်ကစားရမည့် လာလီဂါပွဲစဉ်မတိုင်မီ ရီးရဲလ်မက်ဒရစ်နည်းပြ ဟိုဆေး မော်ရင်ဟိုက အသင်းအနေဖြင့် ခြေစွမ်းပိုင်း ပိုမိုတိုးတက်လာအောင် ဆက်လက်လုပ်ဆောင်ရမည်ဟု ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၂ ရက်က ရာယို ဗယ်လက်ကာနိုအသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်အပြီးတွင် မော်ရင်ဟိုက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲစဉ်၌ ကီလီယန် အမ်ဘာပေက နှစ်ဂိုးသွင်းယူခဲ့သည့်တိုင် ဂိုးသမား သီဘော့ ကော်တိုအာကလည်း အရေးပါသည့် ဂိုးပေါက်ကာကွယ်မှုများ ပြုလုပ်ခဲ့ရသည်။

မိမိအနေဖြင့် အသင်း ပိုမိုတိုးတက်လာစေရန်အတွက် သုံးလအချိန်ပေးရန် တောင်းဆိုခဲ့ကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြက ပြောကြားခဲ့ကာ အခြားသူများကမူ ၁၀ နှစ်အချိန်ပေးရန် တောင်းဆိုကြသည်ဟုလည်း အရွှန်းဖောက်ပြောဆိုခဲ့သည်။

"ဆိုလိုတာကတော့ သုံးလအတွင်းမှာ အသင်းက လက်ရှိအခြေအနေထက် ပိုကောင်းလာစေချင်တာပါ။ ဒါပေမဲ့ သုံးလအတွင်းမှာ အသင်းကို မယုံနိုင်လောက်တဲ့ အဆင့်တစ်ခုအထိ ပို့ဆောင်ပေးဖို့အတွက်တော့ ကျွန်တော့်မှာ မှော်နှင်တံမရှိပါဘူး။ ရည်မှန်းချက်ကတော့ တစ်ပွဲထက်တစ်ပွဲ ပိုတိုးတက်လာဖို့နဲ့ လေ့ကျင့်ခန်းအစီအစဉ်တိုင်းမှာ ပိုတိုးတက်လာဖို့ပါပဲ" ဟု မော်ရင်ဟိုက ဆိုသည်။

"အသင်းတစ်သင်းအနေနဲ့ အချိန်ပိုကြာကြာ အတူတွဲဖက်ကစားပြီး နည်းပြနဲ့အတူ အချိန်ပိုကြာကြာ လက်တွဲရင်း စွမ်းဆောင်ရည် ပိုပြီးကောင်းလာဖို့ အသင့်ဖြစ်နေပါလိမ့်မယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် မော်ရင်ဟိုက ခံစစ်ကစားပုံနှင့် ပတ်သက်၍ ၎င်း၏ ချဉ်းကပ်မှုကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပြီး ၎င်းကိုင်တွယ်သည့် အသင်းများအနေဖြင့် ပြိုင်ဘက်ကို အပြင်းအထန်ဖိအားပေး၍ ဘောလုံးပြန်လည်ရယူသည်ကို နှစ်ခြိုက်သော်လည်း ရီးရဲလ်မက်ဒရစ်အနေဖြင့် မတူညီသော နည်းဗျူဟာများကိုပါ သက်‌သောင့်သက်သာ ပြောင်းလဲကျင့်သုံးနိုင်ရန် လိုအပ်သည်ဟု ဆိုသည်။

"မိနစ် ၉၀ လုံးလုံး အပြင်းအထန် ဖိအားပေးကစားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ ပုံစံမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ခံစစ်ကို ပိုပြီးအားပြုကစားချိန်မှာ ခံစစ်နည်းဗျူဟာ ရှုထောင့်အရ ဟာကွက်လုံးဝမရှိစေဖို့ မတူကွဲပြားတဲ့ ပုံစံမျိုးကို လုပ်ဆောင်ရတဲ့အခါ အဲဒီနည်းလမ်းနှစ်မျိုးစလုံးကို အသုံးချတတ်ဖို့လိုပါတယ်" ဟု ၎င်းက ဆိုသည်။

မော်ရင်ဟိုက ခံစစ်ပိတ်ကစားခြင်းကို နှစ်သက်ခြင်းမရှိဟု ဝန်ခံခဲ့သော်လည်း အသင်းရှိ ကစားသမားအစုအဖွဲ့၏ အားသာချက်များအပေါ် မူတည်၍ ၎င်း၏ နည်းစနစ်များကို လိုက်လျောညီထွေပြောင်းလဲရန် အရေးကြီးကြောင်းလည်း အလေးထားပြောဆိုခဲ့သည်။

"တချို့အသင်းတွေက အဲဒီကစားပုံစံနဲ့ ပိုပြီးကိုက်ညီတဲ့ ကစားသမားတွေ ရှိကြတယ်။ ကျွန်တော့်ရဲ့ တစ်ကိုယ်ရေ နှစ်သက်မှုနဲ့ ကစားသမားတွေရဲ့ အရည်အသွေးတွေ ဆန့်ကျင်ကွဲလွဲနေတာမျိုးကို မဖြစ်စေချင်ပါဘူး" ဟုလည်း ၎င်းက ပြောသည်။

ပုံမှန်လေ့ကျင့်ခန်း အစီအစဉ်များအပြင် ဖြည့်စွက်လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များကိုလည်း အဆိုပါ ပေါ်တူဂီနိုင်ငံသားနည်းပြက အလေးပေးပြောဆိုခဲ့ကာ ရီးရဲလ်မက်ဒရစ် ကစားသမားများအနေဖြင့် "ဘက်စုံပြည့်စုံပြီး စံချိန်စံညွှန်းမီကာ ပရော်ဖက်ရှင်နယ်ပီသသည့် အစီအစဉ်" အတိုင်း လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

"ကစားသမားတွေ လေ့ကျင့်ရေးကွင်းကို စောစောရောက်လာကြတာက ကျွန်တော့်စိတ်ကူး တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ လေ့ကျင့်ခန်းအစီအစဉ်မစခင် အားကစားခန်းမမှာ လုပ်ဆောင်ရတဲ့ အရာတွေ ဒါမှမဟုတ် ကွင်းထဲမှာ စပြီးလေ့ကျင့်တဲ့အခါ လုပ်ဆောင်ရတဲ့ အရာတွေနဲ့လည်း သက်ဆိုင်ပါတယ်" ဟု မော်ရင်ဟိုက ပြောသည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူးအားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က ရီးရဲလ်မက်ဒရစ်နှင့် မာလာဂါအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အသင်းမှ ကီလီယန် အမ်ဘာပေ ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူးအားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က ရီးရဲလ်မက်ဒရစ်နှင့် မာလာဂါအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အသင်းမှ ကီလီယန် အမ်ဘာပေ ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

..................................

(English Version)

Mourinho targets further improvement ahead of Elche visit

MADRID, Sept. 14 (Xinhua) -- Real Madrid coach Jose Mourinho said his side must continue to improve ahead of Tuesday's La Liga visit to Elche.

Mourinho was speaking after Saturday's 4-1 win over Rayo Vallecano, in which Kylian Mbappe scored twice, although goalkeeper Thibaut Courtois was also called upon to make several important saves.

The Real Madrid coach said he had asked for three months to improve the side, joking that "others ask for 10 years."

"What I mean is that in three months, I want us to be better than we are today, but I don't have a magic wand to get us to an incredible level in three months. The goal is to improve in every match and every training session," Mourinho said.

"When a team spends more time together and has been with a coach longer, it is better equipped to be strong," he added.

Mourinho also discussed his approach to defending, saying that while he prefers his teams to press high, Real Madrid needs to be comfortable adopting different approaches.

"I don't think it's possible to press high for 90 minutes; that's not our profile. When we sit deeper, we have to work differently and, to be complete from a defensive standpoint, we need to know how to do both," he said.

Mourinho admitted he does not enjoy defending deep but stressed the importance of adapting his tactics to the strengths of his squad.

"Some teams have players better suited to that style, and I don't want a conflict between my personal preferences and the players' qualities," he said.

The Portuguese also highlighted the work being done away from regular training sessions, saying Real Madrid's players were following a "comprehensive, standard, professional plan."

"The fact that players arrive early isn't a whim of mine; it is about the work done in the gym prior to the session or at the start of training on the pitch," Mourinho said.

Photo caption 1: Real Madrid's players celebrates a goal of Jude Bellingham (2nd L, front) during the La Liga football match between RCD Espanyol and Real Madrid CF in RCDE Stadium, Cornella, Spain, Aug. 22, 2026. (Photo by Joan Gosa/Xinhua)

Photo caption 2: Real Madrid's Kylian Mbappe celebrates his score with teammates during a La Liga football match between Real Madrid and Malaga CF at Santiago Bernabeu stadium in Madrid, Spain, on Aug. 30, 2026. (Photo by Gustavo Valiente/Xinhua)