စိုက်ပျိုးရေးစခန်း ဝန်ထမ်းများက ဖန်လုံအိမ်အတွင်း အဖြူရောင် လင်ဇီးမှိုများကို အခြောက်လှန်းနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
စိုက်ပျိုးရေးစခန်း ဝန်ထမ်းများက ဖန်လုံအိမ်အတွင်း အဖြူရောင် လင်ဇီးမှိုများကို အခြောက်လှန်းနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လျင်ကျီ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

၂၀၀၈ ခုနှစ်တွင် ရှီးဇန့်ဒေသ လျင်ကျီမြို့ မီလျင်ခရိုင် (လက်ရှိ မီလျင်မြို့) သည် ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုဝင် နီမာအတွက် ဆင်းရဲနွမ်းပါးသူအဖြစ် စနစ်တကျ မှတ်တမ်းရေး၍ တရုတ်ယွမ် ငွေ ၁၅၀,၀၀၀ ချေးငွေ ပံ့ပိုးပေးခဲ့သည်။ နီမာသည် သဘာဝတောတောင်ထဲမှ လင်ဇီးမှိုဖြူများကို ရှာဖွေတူးဖော်ရာမှ စတင်၍ စိုက်ပျိုးရေး နည်းပညာကို အကြိမ်ကြိမ် စမ်းသပ်လေ့လာကာ ၂၀၁၂ ခုနှစ်တွင် မှိုမျိုးစေ့ ထုတ်လုပ်ရေး အလုပ်ရုံနှင့် သစ်တောရိပ်အောက် သဘာဝပတ်ဝန်းကျင်ပမာ စိုက်ပျိုးရေး စခန်းကို တည်ထောင်ခဲ့သည်။

နီမာ၏ သမီးဖြစ်သူ ချော့မူသည် တရုတ်နိုင်ငံ ဗဟိုဘဏ္ဍာရေးနှင့် စီးပွားရေး တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ၎င်းသည် နိုင်ငံပိုင်လုပ်ငန်းမှ အလုပ်ထွက်ခဲ့ပြီး ဖခင်ဖြစ်သူ တည်ထောင်ထားသည့် ဟုန်ထိုက်ယန် နည်းပညာ စံပြမိသားစု စိုက်ပျိုးရေးစခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

"စိုက်ပျိုးရေးစခန်းမှာ ပညာတတ် တက္ကသိုလ်ကျောင်းသားတွေ လိုအပ်နေတာမို့လို့ သမီး ပြန်လာခဲ့တာပါ" ဟု ချော့မူက ပြောကြားခဲ့သည်။

မိသားစုဝင် မျိုးဆက်နှစ်ဆက်သည် တာဝန်ခွဲဝေ ပူးပေါင်းဆောင်ရွက်ကြရာ ဖခင်ဖြစ်သူ နီမာက အထွေထွေစီမံခန့်ခွဲမှုများကို တာဝန်ယူပြီး အစ်ကိုဖြစ်သူ ချစ်ရန်လောပုက လျင်ကျီမြို့ "ဧရိယာသုံးခု" နည်းပညာကျွမ်းကျင်သူအဖြစ် မှိုမျိုးစေ့ ပျိုးထောင်ရေး အဓိကနည်းပညာကို တာဝန်ယူကာ ချော့မူက ဈေးကွက်ရောင်းချရေးကို အဓိကတာဝန်ယူဆောင်ရွက်၍ စိုက်ပျိုးရေးစခန်းအတွက် နည်းပညာနှင့် ကုန်အမှတ်တံဆိပ် မြှင့်တင်ရေး အသွင်ကူးပြောင်းမှုများကို စတင်ဆောင်ရွက်ခဲ့သည်။

လက်ရှိတွင် စိုက်ပျိုးရေးစခန်း၏ သဘာဝပမာသစ်တောအတွင်း လင်ဇီးမှိုဖြူ စိုက်ပျိုးရေးစခန်းနှင့် ဖန်လုံအိမ် စိုက်ပျိုးဧရိယာမှာ မူ(mu) ၁,၀၀၀ ကျော်ရှိလာပြီဖြစ်ကာ ၂၀၂၅ ခုနှစ်တွင် ထုတ်လုပ်မှုတန်ဖိုး ယွမ် ၉.၂ သန်းအထိ ရောက်ရှိခဲ့သည်။ တည်ငြိမ်သည့်ပုံမှန်အလုပ်အကိုင် ၃၅ ခု ပံ့ပိုးပေးနိုင်ခဲ့ပြီး ဒေသတွင်း တက္ကသိုလ်ကျောင်းသား ၄ ဦးကိုလည်း အလုပ်ခန့်အပ်နိုင်ခဲ့သည်။ ထို့ပြင် ဒေသခံရွာသူရွာသားများထံသို့ မှိုမျိုးစေ့များနှင့် မှိုစိုက်ပျိုးရေးဆိုင်ရာ နည်းပညာလမ်းညွှန်မှုများကို အခမဲ့ ပံ့ပိုးပေးခဲ့သည့်အပြင် အနိမ့်ဆုံး အာမခံဈေးနှုန်း သဘောတူညီချက်များပါ ချုပ်ဆိုခဲ့ရာ ၂၀၁၉ ခုနှစ်မှ စတင်၍ ယခုအချိန်အထိ အာမခံဈေးဖြင့် ပြန်လည်ဝယ်ယူမှုမှတစ်ဆင့် လယ်သမားများအား စုစုပေါင်း ဝင်ငွေ ယွမ် ၇.၁၃ သန်း တိုးတက်အောင် ကူညီပေးနိုင်ခဲ့သည်။ (Xinhua)

-------------------

(Chinese Version)

林芝育灵芝

2008年,西藏林芝米林县(现为米林市)为贫困户尼玛建档立卡,提供贷款15万元。尼玛从采挖野生白肉灵芝起步,反复摸索人工培育技术,2012年建起菌种车间与林下仿野生种植基地。

尼玛的女儿措姆毕业于中央财经大学。2019年,她辞去国企工作,回到父亲创办的红太阳科技示范家庭农场。措姆说:“农场需要有文化的大学生,所以我回来了。”

一家两代人分工协作:父亲尼玛统筹全盘,哥哥次仁罗布作为林芝市“三区”科技人才负责菌种培育核心技术,措姆主攻市场销售,为农场开启一场技术与品牌的升级变革。

如今,农场林下白肉灵芝仿野生种植基地和温室大棚过千亩,2025年产值达920万元,提供稳定就业岗位35人,吸纳本地大学生4人,还免费向村民提供菌棒和技术指导,签订最低保护价协议,自2019年至今,通过保底收购累计帮助农户增收713万元。

图说 1 :9月14日,农场员工在大棚中晾晒白肉灵芝。新华社记者 姜帆 摄

图说 2 :9月14日,农场的大学生员工达瓦拉姆在网上直播售卖产品。新华社记者 姜帆 摄