
ဂျီနီဗာ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး မူဝါဒနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သည် နိုင်ငံစုံကုန်သွယ်ရေးစနစ် တည်ထောင်လာပြီးနောက် အဆိုးရွားဆုံးနှင့် စဉ်ဆက်မပြတ်ဖြစ်သော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ ကုန်သွယ်ရေးစနစ် ခေတ်မီအသွင်ပြောင်းမှုအား တွန်းအားမပေးဘဲ ထားမည်ဆိုပါက တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်မှုသည် အများဆုံး ၁၀ ရာခိုင်နှုန်း ကျဆင်းသွားနိုင်ကြောင်း၊ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်အား ပြုပြင်ပြောင်းလဲ မြှင့်တင်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း WTO က စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သော “၂၀၂၆ ခုနှစ် ကမ္ဘာ့ကုန်သွယ်ရေး အစီရင်ခံစာ” ၌ ထောက်ပြထားသည်။
WTO က နောက်ဆုံး ထုတ်ပြန်သော အဆိုပါ နှစ်စဉ်အဓိကအကြောင်းအရာအစီရင်ခံစာ၏ ခေါင်းစဉ်မှာ “အရေးကြီး အခိုက်အတန့်၌ ရောက်ရှိနေသော ကမ္ဘာ့ကုန်သွယ်ရေးစနစ်” ဖြစ်ပြီး နိုင်ငံစုံကုန်သွယ်ရေးစနစ်၏ ဆယ်စုနှစ်များစွာအတွင်း ရရှိထားသောရလဒ်များနှင့် လက်ရှိရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ရှင်းလင်းဖော်ပြထားသည်။
အဆိုပါစနစ်သည် ကုန်သွယ်ရေးအတားအဆီး လျှော့ချခြင်းကို အားဖြည့်ကူညီပေးပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးပမာဏကို အဆ ၅၀ နီးပါး တိုးချဲ့ရန် တွန်းအားပေးလိုက်ကြောင်း၊ ပိုမိုတံခါးဖွင့်လှစ်၍ တစ်သားတည်း ဖြစ်သည့်အပြင် စည်းမျဉ်းစည်းကမ်းများအား အခြေခံသော ကမ္ဘာ့စီးပွားရေးကို ဖန်တီးလိုက်ကြောင်း ယင်းအစီရင်ခံစာက ထောက်ပြထားသည်။
WTO ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း နိုင်ငံစုံ ကုန်သွယ်ရေးစနစ်သည် ကြီးမားသော အကျိုးစီးပွားအား ဖန်တီးခဲ့ပြီး တစ်သားတည်းပိုမိုဖြစ်သော၊ ပိုမို ကြံ့ကြံ့ခံနိုင်ရည်ရှိသော ကမ္ဘာ့စီးပွားရေး တည်ဆောက်ရန် အားဖြည့်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အချက်အလက်များအရ တစ်ကမ္ဘာလုံး ကုန်ပစ္စည်း ကုန်သွယ်ရေး ၇၂ ရာခိုင်နှုန်းခန့်သည် WTO ၏ အထူးခံစားခွင့်ရှိ နိုင်ငံများမူဘောင်အောက်တွင် လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ WTO က ဦးဆောင်သော ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် စီးပွားရေးတိုးတက်မှုကို အားပေးရုံသာမက ဖွံ့ဖြိုးဆဲ စီးပွားရေးအစုအဖွဲ့နိုင်ငံနှင့် ဖွံ့ဖြိုးပြီး စီးပွားရေးအစုအဖွဲ့နိုင်ငံများအကြား ဝင်ငွေကွာဟမှုကို ကူညီလျှော့ချပေးကာ ငြိမ်းချမ်းရေးအား မြှင့်တင်သော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအခင်းအကျင်းက သိသိသာသာ ပြောင်းလဲမှု ဖြစ်လာပါပြီ။ သို့သော်လည်း စီးပွားရေးအစုအဖွဲ့အားလုံး ပူးပေါင်းဆောင်ရွက်မှုဟာ တစ်ဖက်သတ်လှုပ်ရှားမှုထက် ကောင်းတယ်ဆိုတဲ့ ဒီစနစ်ကို ဖန်တီးတည်ထောင်တဲ့ လော့ဂျစ် (Logic) က ယနေ့တိုင် အသုံးပြုရန် သင့်လျော်နေဆဲပါပဲ” ဟု Ngozi Okonjo-Iweala က ဆိုခဲ့သည်။
WTO ထိပ်တန်းစီးပွားရေးပညာရှင် Robert Staiger က အဆိုပါအစီရင်ခံစာသည် ကုန်သွယ်ရေးပြဿနာ အသေးစိတ် တစ်ခုခုကို ဦးတည်ရန် မဟုတ်ဘဲ ပိုမိုအရင်းခံကျသော ပြဿနာများအား အဆိုပြုရန်ဖြစ်ကြောင်း၊ ၎င်းမှာ နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို အဘယ်ကြောင့် ထိရောက်စွာကျင့်သုံးနေနိုင်သနည်း၊ ယနေ့တိုင် မည်သည့်တန်ဖိုးများ ပံ့ပိုးပေးနေဆဲဖြစ်သနည်း၊ အဘယ်ကြောင့် ဤမျှဆိုးရွားသည့် ဖိအားနှင့် ရင်ဆိုင်နေရသနည်းနှင့် ၎င်းသည် အနာဂတ်အပေါ် မည်သည့်အနက်အဓိပ္ပာယ်များ ရှိသနည်း တို့ပင်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ထောက်ပြခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုရှုပ်ထွေးလာစေသည့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာကြီး လေးရပ်တွင် စီးပွားရေးအင်အား အခင်းအကျင်း ပြောင်းလဲလာခြင်း၊ အစိုးရစွက်ဖက်မှုနှင့် တရားမျှတစွာ ယှဉ်ပြိုင်မှု ပတ်ဝန်းကျင်အပေါ် စိုးရိမ်မှုများ တစ်နေ့တခြား သိသာထင်ရှားလာခြင်း၊ ဒစ်ဂျစ်တယ် အသွင်ပြောင်းမှု၊ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်နှင့် ပတ်ဝန်းကျင် အသွင်ပြောင်းမှုဖြင့် တွန်းအားပေး ဖော်ဆောင်သော ကုန်သွယ်ရေးအနှစ်သာရ ပြောင်းလဲလာခြင်း၊ ပထဝီနိုင်ငံရေး တင်းမာမှုအခြေအနေများ ဆိုးရွားလာခြင်း စသည်တို့ ပါဝင်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။ (Xinhua)
---------------------
(Chinese Version)
世贸组织报告:多边贸易体制正面临最严重挑战
新华社日内瓦9月15日电(记者焦倩)世界贸易组织15日发布《2026世界贸易报告》指出,全球贸易政策和世贸组织正面临多边贸易体制建立以来最严重且持续的挑战,若迟迟不推动贸易体系现代化,全球产出最多可能下降10%;通过改革强化多边贸易体制将促进全球经济发展。
世贸组织这份最新年度重点报告题为“处于关键时刻的世界贸易体制”,梳理了多边贸易体制数十年来取得的成果以及当前面临的挑战。报告指出,该体制助力降低贸易壁垒,推动全球贸易规模扩大近50倍,创造了更加开放、一体化且基于规则的全球经济。
世贸组织总干事伊维拉表示,过去80年来,多边贸易体制创造巨大惠益,助力构建更加一体化、更具韧性的全球经济。数据显示,全球约72%的货物贸易仍在世贸组织最惠国待遇框架下进行,而由世贸组织主导的贸易合作不仅支持了经济增长,还帮助缩小发展中经济体与发达经济体之间的收入差距,发挥了促进和平的作用。
伊维拉说:“全球贸易格局已发生显著变化,但这一体制的创立逻辑,即所有经济体合作好过单边行动,今天依然适用。”
世贸组织首席经济学家罗伯特·施泰格在新闻发布会上指出,本报告并非主要针对某个具体的贸易问题,而是提出一系列更为根本的问题:多边贸易体制为何能够行之有效、至今仍能提供什么价值、为何面临如此严峻的压力,以及这对未来意味着什么。
报告指出,使全球合作变得更加复杂的四大发展趋势包括:经济力量格局转变,政府干预及对公平竞争环境的关切日益突出,由数字化、全球价值链和环境转型推动的贸易性质变化,以及地缘政治紧张加剧。(完)
图说:9月15日,在瑞士日内瓦世界贸易组织总部,世贸组织总干事伊维拉(右三)在2026年公共论坛上发言。新华社记者 连漪 摄








