ရှန်ဟိုင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ရှန်ဟိုင်းမြို့ အရှေ့ဘက် ပင်လယ်ပြင်မှ Gravity-1 Y3 သယ်ဆောင်ရေးဒုံးပျံကို စက်တင်ဘာ ၁၆ ရက် နံနက် ၆ နာရီက လွှတ်တင်ခဲ့သည်။

အဆိုပါဒုံးပျံသယ်ဆောင်ထားသော အမှတ် (၂၆) အုပ်စု ချန်းဖန်းဂြိုဟ်တုအုပ်စုနှင့် EUHT နည်းပညာစမ်းသပ်ဂြိုဟ်တု အပါအဝင် စုစုပေါင်း ဂြိုဟ်တု ၉ စင်းကို သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ခဲ့ရာ ပျံသန်းစမ်းသပ်မှုမစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့ကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

一箭9星 引力一号遥三运载火箭发射成功

新华社上海9月16日电(李国利、李宸)9月16日6时00分,中国太原卫星发射中心在上海东部海域使用引力一号遥三运载火箭,将搭载的千帆极轨26组卫星及EUHT技术试验卫星共9颗卫星顺利送入预定轨道,飞行试验任务取得圆满成功。(完)

图说:9月16日6时00分,我国太原卫星发射中心在上海东部海域使用引力一号遥三运载火箭,将搭载的千帆极轨26组卫星及EUHT技术试验卫星共9颗卫星顺利送入预定轨道,飞行试验任务取得圆满成功。 新华社发(东方空间供图)