
သည်ဟိတ်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေးသည် စက်တင်ဘာ ၁၆ ရက်တွင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ၌ ကျင်းပသော အမှုစီရင်မှုမတိုင်မီ ကြိုတင်ကြားနာမှုအား တက်ရောက်ခဲ့ရာ ဒူတာတေးက ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ခုံရုံးသို့ တက်ရောက်လာခြင်းဖြစ်သည်။
ခုံရုံးမှ တိုက်ရိုက်ထုတ်လွှင့်သောမြင်ကွင်းအရ ဒူတာတေးသည် မျက်နှာပိန်ချုံးနေပြီး အနက်ရောင် အနွေးထည်နှင့် အဖြူရောင် ရှပ်အင်္ကျီအား ဝတ်ဆင်ထားကြောင်း တွေ့မြင်ရသည်။ အစိုးရရှေ့နေ၊ ဒူတာတေး၏ ရှေ့နေနှင့် အခြားသော သက်ဆိုင်ရာ ဥပဒေကိုယ်စားလှယ်များက အမှုဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ICC က ဧပြီ ၂၃ ရက်တွင် “လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု” ပြစ်မှု ၃ ရပ်ဖြင့် ဒူတာတေးအား စီရင်ချက် ချမှတ်သွားမည်ဟု ဆိုသည်။ မေ ၂၇ ရက်တွင် ICC က နိုဝင်ဘာ ၃၀ ရက်မှစ၍ အဆိုပါအမှုအား တရားဝင်ခုံရုံးတင် စီရင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဒူတာတေးသည် ဖိလစ်ပိုင်နိုင်ငံ Davao မြို့တော်ဝန်နှင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုများ စတင်လုပ်ဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ICC က ဒူတာတေး ဦးဆောင်သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလှုပ်ရှားမှုသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းရှိ၊ မရှိ အခြေအနေနှင့်စပ်လျဉ်း၍ “ကနဦးစုံစမ်းစစ်ဆေးမှု” လုပ်ဆောင်မည်ဟု ဖိလစ်ပိုင်အစိုးရထံ အကြောင်းကြားခဲ့သည်။ ဖိလစ်ပိုင်သည် ၂၀၁၉ ခုနှစ်တွင် ICC မှ တရားဝင်နုတ်ထွက်ခဲ့သည်။
ဒူတာတေးသည် ၂၀၂၅ ခုနှစ် မတ်လ ၁၁ ရက်တွင် ပြည်ပမှ ပြန်လာ၍ ဖိလစ်ပိုင်နိုင်ငံ မနီလာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ရဲများ၏ ဖမ်းဆီးမှုခံခဲ့ရပြီး သက်ဆိုင်ရာဘက်က ၎င်းထံ ICC ၏ ဖမ်းဝရမ်း ထုတ်ပြခဲ့သည်။ ဒူတာတေးလိုက်ပါလာသော လေယာဉ်သည် ၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်တွင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

---------------------
(Chinese Version)
杜特尔特首次公开出庭
新华社海牙9月16日电(记者邵海军 李弘)位于荷兰海牙的国际刑事法院16日举行菲律宾前总统杜特尔特案审判前预备会,杜特尔特首次公开出庭。
法庭直播画面显示,杜特尔特面容清瘦,身穿黑色外套和白色衬衣。检方、杜特尔特辩护律师及相关方法律代表陈述了案件进展。
4月23日,国际刑事法院声称,将以3项所谓“反人类罪”罪名对杜特尔特进行审判。5月27日,该法院宣布从11月30日起正式开庭审理此案。
杜特尔特在担任菲律宾达沃市市长和菲总统期间发起反毒行动。2018年2月,国际刑事法院通知菲律宾政府,将对杜特尔特领导的打击毒品犯罪行动是否有违反人权的情况展开“初步调查”。菲律宾2019年正式退出国际刑事法院。2025年3月11日,杜特尔特从境外返回抵达马尼拉国际机场后被警方拘留,有关方面向其出示了国际刑事法院的逮捕令。载有杜特尔特的飞机次日抵达海牙。(完)
图说1:这是2025年3月14日在荷兰海牙拍摄的国际刑事法院第一预审庭现场,菲律宾前总统杜特尔特以视频连线方式出席。新华社发(国际刑事法院供图)
图说2:2月23日,在荷兰海牙,两名记者在国际刑事法院外拍摄。新华社发(孙晶晶摄)








