
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နှင့် ဗီယက်နမ် တပ်မတော်နှစ်ရပ်အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအားကောင်းစေရန် တရုတ်တပ်မတော် အဆင့်မြင့်တာဝန်ရှိသူ ကျန်းစိန်းမင်က စက်တင်ဘာ ၁၆ ရက်၌ တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်း က ၁၃ ကြိမ်မြောက် ပေကျင်းရှန်းဆန်းဖိုရမ်သို့ တက်ရောက်ရန် ပေကျင်းမြို့သို့ ရောက်ရှိနေသော ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phan Van Giang နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံနှင့် ပါတီနှစ်ရပ်တို့၏ နိုင်ငံ့အကြီးအကဲများ ရရှိထားသော အရေးပါသည့် သဘောတူညီချက်များ၏ လမ်းညွှန်မှုအရ တရုတ်နှင့် ဗီယက်နမ် တပ်မတော်နှစ်ရပ်အနေဖြင့် အဓိက လုံခြုံရေးကိစ္စရပ်များတွင် သဘောထားရပ်တည်ချက်များကို ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြေးညီ မြှင့်တင်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အတူတကွလက်တွဲဆောင်ရွက်ခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်း က ပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်သို့ မြှင့်တင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်လည်း ကျန်း က တိုက်တွန်းခဲ့သည်။
ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phan Van Giang က ဗီယက်နမ်နိုင်ငံအနေဖြင့် ပိုမိုလက်တွေ့ကျ၍ ထိရောက်မှုရှိသော ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံနှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ထားကြသည်။ ယခုနှစ် မတ်လက ပထမအကြိမ် မဟာဗျူဟာမြောက် တရုတ်-ဗီယက်နမ် "3+3" သံတမန်ရေး၊ ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းတွင် ကျင်းပခဲ့ပြီးနောက် ၁၀ ကြိမ်မြောက် တရုတ်-ဗီယက်နမ် နယ်စပ်ကာကွယ်ရေးဆိုင်ရာ ချစ်ကြည်ရေး ဖလှယ်မှုအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)
..............................
(English Version)
Senior military official calls for stronger China-Vietnam military cooperation
BEIJING, Sept. 16 (Xinhua) -- Senior Chinese military official Zhang Shengmin on Wednesday called for stronger practical cooperation between the Chinese and Vietnamese militaries.
Zhang, vice chairman of the Central Military Commission, made the remarks when meeting with Vietnamese Deputy Prime Minister and Defense Minister Phan Van Giang, who is in Beijing to attend the 13th Beijing Xiangshan Forum.
Zhang said the Chinese and Vietnamese militaries should, guided by the important consensus reached by the top leaders of the two parties and countries, coordinate positions and enhance cooperation on major security issues in a timely manner, and work together to address global challenges.
Zhang also called for continued efforts to take bilateral cooperation to a new level.
Giang said Vietnam stands ready to work with China to advance more practical and effective defense and security cooperation.
China and Vietnam enjoy a comprehensive strategic cooperative partnership. In March, the first ministerial meeting of the China-Vietnam "3+3" strategic dialogue on diplomacy, defense and public security was held in the Vietnamese capital of Hanoi, followed by the 10th China-Vietnam border defense friendship exchange. ■
Photo caption: This photo taken on Sept. 16, 2026 shows a scene at the opening ceremony of the 13th Beijing Xiangshan Forum in Beijing, capital of China. (Photo by Han Qiyang/Xinhua)








