
ဝါရှင်တန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်သည် စက်တင်ဘာ ၂၂ ရက်တွင် နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပသည့်ကာလအတွင်း ပင်လယ်ကွေ့ဒေသ နိုင်ငံအကြီးအကဲများနှင့် တွေ့ဆုံ၍ အီရန်စစ်ပွဲ၏ နောက်တစ်ဆင့်လှုပ်ရှားမှုကို ဆွေးနွေးသွားနိုင်ခြေရှိကြောင်း အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်က စက်တင်ဘာ ၁၆ ရက်တွင် သတင်းအရင်းအမြစ်ပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
ယခုအကြိမ် တွေ့ဆုံမှုတွင် အမေရိကန်က အဆိုပြုသော စစ်ပွဲအလွန် မဟာဗျူဟာမျှော်မှန်းချက်များကို အဓိကထား ဆွေးနွေးမည်ဟု မျှော်မှန်းရကြောင်း၊ ထရမ့်နှင့် ၎င်း၏အဖွဲ့သည် သက်ဆိုင်ရာ အစီအစဉ်အား ချမှတ်လျက်ရှိပြီး ယင်းအစီအစဉ်ကို အမေရိကန် လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် နောက်ဆုံး အတည်ပြုသွားနိုင်ခြေရှိကြောင်း၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်နှင့် အိုမန် နိုင်ငံများမှ အကြီးအကဲများ သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးများက တွေ့ဆုံပွဲကို တက်ရောက်မည်ဖြစ်ကြောင်း၊ တွေ့ဆုံမှု အတိုင်းအတာသည်လည်း တိုးချဲ့နိုင်ခြေရှိပြီး အခြားသော အာရပ်နှင့် အစ္စလာမ်နိုင်ငံ အကြီးအကဲများလည်း ပါဝင်လာနိုင်ကြောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်တွင် ကနဦး ဖိတ်ကြားချက်များ ပေးပို့ထားပြီးဖြစ်ကြောင်း သတင်းတွင် ဆိုထားသည်။
လက်ရှိတွင် အမေရိကန် အိမ်ဖြူတော်ဘက်က အထက်ပါအကြောင်းအရာနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အကြောင်းအရာများအား ထုတ်ပြန်ခြင်း မရှိသေးပေ။
ထို့ပြင် ထရမ့်က စက်တင်ဘာ ၁၆ ရက်တွင် အီရန်စစ်ပွဲ လက်ရှိရောက်ရှိနေသောအဆင့်နှင့် စပ်လျဉ်း၍ သတင်းထောက် မေးမြန်းမှုကို ဖြေကြားရာ၌ “ကျွန်တော်တို့က စစ်ပွဲရဲ့ အဆုံးသတ်နဲ့ နီးကပ်နေပြီလို့ မျှော်လင့်ပါတယ်” ဟု ဆိုခဲ့သည်။ အီရန်အနေဖြင့် သဘောတူညီချက် ရရှိရန် “အလွန်အမင်း မျှော်လင့်တောင့်တ” နေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့ပြီး အမေရိကန်သည် အီရန်ဘက်ထံမှ အဆိုပါသတင်းကို တိုက်ရိုက်ကြားသိရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
美媒:特朗普下周与海湾国家领导人会晤讨论伊朗局势
新华社华盛顿9月16日电(记者黄强 徐剑梅)据美国阿克西奥斯新闻网站16日援引消息人士的话报道,美国总统特朗普预计将在22日纽约联合国大会期间与海湾国家领导人举行会晤,讨论对伊朗战事的下一步行动。
报道说,预计此次会晤将重点讨论美方提出的战后战略构想。特朗普及其团队正在制订相关计划,预计该计划将在美国国会中期选举结束后最终敲定。沙特阿拉伯、阿联酋、卡塔尔、巴林、科威特和阿曼的领导人或外长将与会。会晤范围也有可能会扩大,纳入其他阿拉伯和伊斯兰国家领导人。美国国务院已于16日发出了初步邀请。
目前,美国白宫尚未就上述内容发布相关消息。
此外,特朗普16日在回答记者有关伊朗战事目前所处阶段的提问时说,“希望我们正接近战争的尾声”。他再次声称伊朗方面“非常渴望”达成协议,并表示美国是直接从伊朗那里获悉这一消息的。(完)
图说:这是6月21日在瑞士比尔根山拍摄的标识。新华社记者 连漪 摄








