
ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
အမေရိကန် CNN ၊ MS NOW သတင်းချန်နယ်နှင့် Politico သတင်းစာတို့သည် “သတင်းတုများအား အဆက်မပြတ် သတင်းဖော်ပြနေခြင်း” ကြောင့် အိမ်ဖြူတော်သို့ ဝင်ရောက်ခြင်းမှ တားမြစ်ခံရမည်ဖြစ်ကြောင်း၊ အဆိုပါအမိန့်ကြေညာချက်သည် “ချက်ချင်းအသက်ဝင်မည်” ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်သည် စက်တင်ဘာ ၁၈ ရက်တွင် လူမှုမီဒီယာ၌ ထုတ်ပြန်ကြေညာခဲ့သည်။
ထရမ့်က ထိုနေ့တွင် လူမှုမီဒီယာ ပလက်ဖောင်း “Truth Social” ၌ ပို့စ်တင်၍ မီဒီယာအဖွဲ့အစည်းများသည် အမေရိကန်သမ္မတ၊ အမေရိကန်အစိုးရ သို့မဟုတ် အမေရိကန်အကြောင်း သတင်းဖော်ပြရာတွင် “အတုအယောင် အကြောင်းအရာနှင့် မုသားစကား” များကို စဉ်ဆက်မပြတ် ရေးသားခြင်း သို့မဟုတ် သတင်းဖော်ပြခြင်း မပြုသင့်ကြောင်း ဆိုခဲ့သည်။ “အခြားသော သတင်းတု မီဒီယာအဖွဲ့အစည်းများ” သည်လည်း အိမ်ဖြူတော်သို့ ဝင်ရောက်ခြင်းမှ တားမြစ်ခံရမည် ဖြစ်ကြောင်းလည်း ၎င်းက သတိပေး ပြောကြားခဲ့သည်။
ဒုတိယအကြိမ် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ ယနေ့အထိ ထရမ့်နှင့် အမေရိကန် ပင်မသတင်းမီဒီယာများ၏ ဆက်ဆံရေးသည် ယေဘုယျအားဖြင့် အတန်အသင့် တင်းမာနေဆဲဖြစ်သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထရမ့်အစိုးရ၏ အမိန့်ကြေညာချက်အတိုင်း မက္ကဆီကို ပင်လယ်ကွေ့ကို “အမေရိကန် ပင်လယ်ကွေ့” အဖြစ် အမည်ပြောင်းလဲခြင်း မရှိသဖြင့် အေပီသတင်းဌာနမှ သတင်းထောက်များ အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၊ မာ-အာ-လာဂိုစံအိမ်နှင့် သမ္မတ၏အထူးလေယာဉ် “Air Force One” သို့ သွားရောက်၍ အင်တာဗျူးခြင်းမှ ကန့်သတ်ခံခဲ့ရသည်။
ထရမ့်က The New York Times ၊ The Washington Post နှင့် CBS စသည့် မီဒီယာများကိုလည်း ရှေ့ဆင့်နောက်ဆင့် တရားစွဲဆိုခဲ့ပြီး ၎င်းတို့သတင်းဖော်ပြချက်များသည် အမည်ဖျက်ခြင်း သို့မဟုတ် မှားယွင်းစွာရည်ညွန်းမှုများ ရှိနေသည်ဟု စွဲဆိုခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
美国有线电视新闻网等3家媒体被禁止进入白宫
新华社华盛顿9月18日电(记者熊茂伶 杨伶)美国总统特朗普18日在社交媒体上宣布,美国有线电视新闻网、MS NOW新闻频道和《政治报》由于“持续报道假新闻”而被禁止进入白宫,并称这一指令“立即生效”。
特朗普当天在社交媒体平台“真实社交”上发文说,媒体机构在报道美国总统、美国政府或美国时,不应持续撰写或报道“虚构内容和谎言”。他还警告称,“其他假新闻媒体机构”也将被禁止进入白宫。
从第二任期开始至今,特朗普与美国主流新闻媒体的关系总体上仍然比较紧张。2025年2月,由于未按照特朗普政府行政令将墨西哥湾更名为“美国湾”,美联社记者被禁止进入白宫椭圆形办公室、海湖庄园和“空军一号”总统专机参加采访活动。特朗普还先后起诉《纽约时报》、《华尔街日报》和哥伦比亚广播公司等媒体,指控其报道构成诽谤或存在误导性。(完)
图说:这是8月28日在美国首都华盛顿拍摄的白宫与路障。新华社记者 李睿 摄








