
ဂျီနီဗာ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ယခုနှစ်အတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ဥရောပသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းနေထိုင်သူနှင့် ဒုက္ခသည် အရေအတွက် သိသိသာသာ လျော့နည်းသွားသော်လည်း ခရီးစဉ်အတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးသူ အရေအတွက်မှာမူ တိုးလာကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) က စက်တင်ဘာ ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယင်းအဖွဲ့အစည်း၏ နောက်ဆုံးရရှိသော ကိန်းဂဏန်းအချက်အလက်များအရ စက်တင်ဘာ ၁၅ ရက်အထိ ၂၀၂၆ ခုနှစ်အတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ဥရောပသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းနေထိုင်သူနှင့် ဒုက္ခသည် ၆၀,၀၀၀ နီးပါးရှိရာ ယမန်နှစ် အလားတူကာလထက် ၃၉ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။ အနည်းဆုံး လူ ၂,၂၉၂ ဦး ခရီးစဉ်အတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပြီး ယမန်နှစ် အလားတူကာလရှိ ၁,၉၉၉ ဦးထက် မြင့်တက်လာခဲ့သည်။
မြေထဲပင်လယ်အလယ်ပိုင်း လမ်းကြောင်းမှတစ်ဆင့် အီတလီနိုင်ငံသို့ ရောက်ရှိလာသူ ၂၁,၃၉၃ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၅၅ ရာခိုင်နှုန်း ကျဆင်းသွားရာ ကျဆင်းမှုပမာဏ အကြီးမားဆုံးဖြစ်သော်လည်း ယင်းလမ်းကြောင်းပေါ်တွင် သေဆုံး သို့မဟုတ် ပျောက်ဆုံးသူ အရေအတွက်မှာ ၈၄၄ ဦးမှ ၉၉၆ ဦးအထိ မြင့်တက်လာကြောင်း ကိန်းဂဏန်းများအရ သိရသည်။ အတ္တလန္တိတ်သမုဒ္ဒရာနှင့် မြေထဲပင်လယ်အနောက်ပိုင်း လမ်းကြောင်းမှတစ်ဆင့် စပိန်နိုင်ငံသို့ ရောက်ရှိသူ အရေအတွက် လျော့နည်းသွားသော်လည်း သေဆုံး သို့မဟုတ် ပျောက်ဆုံးသူ အရေအတွက်မှာ ၈၇၉ ဦးအထိ မြင့်မားသည့်အဆင့်တွင် ရှိနေဆဲဖြစ်သည်။ မြေထဲပင်လယ်အရှေ့ပိုင်း လမ်းကြောင်းမှတစ်ဆင့် ဂရိနိုင်ငံသို့ ရောက်ရှိသူ အရေအတွက်မှာ ၂၅,၄၂၇ ဦးမှ ၂၀,၄၂၈ ဦးသို့ လျော့နည်းသွားသော်လည်း သေဆုံး သို့မဟုတ် ပျောက်ဆုံးသူ အရေအတွက်မှာ ၂၈၄ ဦးမှ ၄၁၇ ဦးအထိ မြင့်တက်လာခဲ့သည်။
သင်္ဘောမှောက်မှုနှင့် ပျောက်ဆုံးမှုဖြစ်စဉ် အများအပြားမှာ မှတ်တမ်းတင်နိုင်ခြင်းမရှိသဖြင့် အမှန်တကယ် သေဆုံး သို့မဟုတ် ပျောက်ဆုံးသူ အရေအတွက်မှာ ပိုမိုများပြားနိုင်ကြောင်း IOM က ပြောကြားခဲ့သည်။ လူကုန်ကူးမှုကို တိုက်ဖျက်ရန်နှင့် တရားဝင် ရွှေ့ပြောင်းနေထိုင်နိုင်သည့် လမ်းကြောင်းများကို ပိုမိုပံ့ပိုးပေးနိုင်ရေးအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် IOM ညွှန်ကြားရေးမှူးချုပ် Amy Pope က တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)
------------------------------------------
(Chinese Version)
国际移民组织:经海路抵欧移民和难民显著减少
新华社日内瓦9月18日电(记者王娅楠)国际移民组织17日发布消息说,今年以来,通过海路抵达欧洲的移民和难民显著减少,但在途中死亡或失踪的人数却在增加。
该机构最新数据显示,截至9月15日,2026年有近6万名移民和难民经海路抵达欧洲,比去年同期下降39%。至少有2292人在途中死亡或失踪,高于去年同期的1999人。
数据显示,有21393人通过中地中海路线抵达意大利,人数下降了55%,降幅最大,但这条路线上死亡或失踪人数从844人升至996人。经大西洋和西地中海路线抵达西班牙的人数也有所下降,但死亡或失踪人数仍然居高不下,达879人。经东地中海路线抵达希腊的人数从25427人减少到20428人,但死亡或失踪人数从284人升至417人。
国际移民组织说,由于许多沉船和失踪事件未被记录,实际死亡或失踪的人数可能更多。国际移民组织总干事艾米·波普呼吁加强国际合作,打击人口贩运,并提供更多正规的移民渠道。
