
ကိဗ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံအနေဖြင့် ကာကွယ်ရေးဆိုင်ရာ ဦးစားပေးလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ဥရောပသမဂ္ဂ (EU) ထံမှ ယူရို ၃.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၇၈ ဘီလီယံခန့်) တန်ဖိုးရှိ ငွေကြေးထောက်ပံ့မှုအသစ်ကို လက်ခံရရှိထားသည်ဟု ယူကရိန်းနိုင်ငံ ဝန်ကြီးချုပ် Sergii Koretskyi က စက်တင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါရန်ပုံငွေများကို အထူးသဖြင့် ဒုံးလက်နက်များနှင့် ဒရုန်းများ ဝယ်ယူရာတွင် အသုံးပြုမည်ဟု Koretskyi က Telegram တွင် ပြောကြားခဲ့သည်။
ထိုငွေကြေးထောက်ပံ့မှုကို ယူကရိန်းနိုင်ငံ ထောက်ပံ့ရေးချေးငွေအစီအစဉ်အရ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းချေးငွေအစီအစဉ်က ၂၀၂၆ ခုနှစ်တွင် ယူကရိန်းနိုင်ငံအတွက် ကာကွယ်ရေးနှင့် ဘတ်ဂျက်ဆိုင်ရာ ပံ့ပိုးမှုများအတွက် ငွေကြေးထောက်ပံ့မှုအပါအဝင် ယူရို ၄၅ ဘီလီယံအထိ ထောက်ကူပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။
ဥရောပသမဂ္ဂသည် ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်များတွင် ယူကရိန်းနိုင်ငံအား ဘတ်ဂျက်နှင့် ကာကွယ်ရေးဆိုင်ရာ ထောက်ပံ့မှုများ ပံ့ပိုးပေးရန် ရည်ရွယ်လျက် ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံတန်ဖိုးရှိ ထောက်ပံ့ရေးချေးငွေအစီအစဉ်ကို ဧပြီလတွင် အတည်ပြုသတ်မှတ်ခဲ့သည်။ (Xinhua)
.......................................................................
(English Version)
Ukraine receives 3.3 bln euros from EU for defense needs
KIEV, Sept. 18 (Xinhua) -- Ukraine has received a new 3.3-billion-euro (about 3.78-billion-U.S. dollars) tranche from the European Union to finance priority defense needs, Ukrainian Prime Minister Sergii Koretskyi said Friday.
The funds will be used, in particular, to purchase missiles and drones, Koretskyi said on Telegram.
The tranche was disbursed under the Ukraine Support Loan mechanism, which envisages up to 45 billion euros in assistance to Ukraine in 2026, including funding for defense and budgetary support.
The EU finalized the 90-billion-euro support loan for Ukraine in April, aiming to provide budgetary and defense support to the country in 2026 and 2027. ■
Photo caption: Flags of European Union (EU) and Ukraine are seen at the EU headquarters in Brussels, Belgium, Feb. 24, 2025. (Xinhua/Zhao Dingzhe)








