
ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်-ထိုင်း သိပ္ပံနည်းပညာ ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာ ၁၇ ရက်က ကျင်းပခဲ့သည်။ ဤဆွေးနွေးပွဲကို တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီ ရှေးဟောင်းသုတေသနဌာနနှင့် တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီ အာရှ-ပစိဖိတ်နှင့် ကမ္ဘာ့မဟာဗျူဟာသုတေသနဌာနတို့က အတူတကွ ကြီးမှူးကျင်းပခဲ့ပြီး နှစ်နိုင်ငံမှ ရှေးဟောင်းသုတေသနနှင့် ဆက်စပ်နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ စုဝေးကာ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြသည်။
တရုတ်-ထိုင်း သိပ္ပံနည်းပညာရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်မှုကို ဗဟိုပြု၍ ပညာရှင်အများအပြားက တိရစ္ဆာန်ဆိုင်ရာရှေးဟောင်းသုတေသန၊ အပင်ဆိုင်ရာ ရှေးဟောင်းသုတေသန၊ အော်ဂဲနစ်အကြွင်းအကျန် ခွဲခြမ်းစိတ်ဖြာခြင်း၊ မျိုးရိုးဗီဇနှင့် သတ္တုဗေဒဆိုင်ရာ ရှေးဟောင်းသုတေသန စသည့် ဘာသာရပ်ပေါင်းစုံ သုတေသနရလဒ်များကို မိတ်ဆက်တင်ပြခဲ့ပြီး ရှေးခေတ် အရင်းအမြစ်များ၊ နည်းပညာများနှင့် ယဉ်ကျေးမှုဖလှယ်မှုများကို လေ့လာဆွေးနွေးကာ ကမ္ဘာ့အမွေအနှစ်များ၏ ထိန်းသိမ်းရေးဆိုင်ရာ လက်တွေ့ဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုဗျူဟာများကိုလည်း မျှဝေခဲ့ကြသည်။
တက်ရောက်လာကြသော ပညာရှင်များက ဤဆွေးနွေးပွဲသည် နှစ်နိုင်ငံ၏ သိပ္ပံနည်းပညာ ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးကဏ္ဍအတွက် အဖိုးတန်သော ပညာရပ်ဆိုင်ရာ ဖလှယ်မှု အခွင့်အလမ်းကို ပေးအပ်ခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။ တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီ၏ သိပ္ပံနည်းပညာ ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး အဓိကဓာတ်ခွဲခန်း စသည့် ပလက်ဖောင်များကို အမှီပြု၍ တရုတ်-ထိုင်း နှစ်ဖက် ရေရှည်ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု ယန္တရားတစ်ခု တည်ဆောက်နိုင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် နက်ရှိုင်းစေရန်နှင့် နှစ်နိုင်ငံ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့ကြသည်။ (Xinhua)
.........................
(Chinese Version)
中泰学者共话科技考古与文化遗产保护
新华社北京9月17日电(记者王子铭)9月17日,中泰科技考古与文化遗产保护学术研讨会在京举行。研讨会由中国社会科学院考古研究所、中国社会科学院亚太与全球战略研究院共同主办,来自两国的考古及相关领域专家学者齐聚一堂,展开深入研讨。
聚焦中泰科技考古与文化遗产保护合作,多位学者介绍了动物考古、植物考古、有机残留物分析、基因组学与冶金考古等跨学科研究成果,探讨古代资源、技术与文化交流,并分享了世界遗产的保护实践与管理策略。
与会专家表示,本次研讨会为两国科技考古与文化遗产保护领域提供了宝贵的学术交流机会。期待依托中国社会科学院科技考古与文化遗产保护重点实验室等平台,搭建中泰双方长效合作机制,持续深化合作,推动两国文化遗产保护事业共同发展。(完)
图说1:这是9月17日拍摄的研讨会开幕式现场。新华社记者 李贺 摄
图说2:9月17日,泰方专家在中国考古博物馆参观。新华社记者 李贺 摄








