
ပဲရစ်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ပြင်သစ်အနေဖြင့် ကနေဒါနှင့် ဥရောပသမဂ္ဂတို့ အပြန်အလှန် ပိုမိုနီးကပ်လာရေး အစီအစဉ်ကို ထောက်ခံကြောင်း၊ ကနေဒါကို ဥရောပသမဂ္ဂ၏ “တွဲဖက်အဖွဲ့ဝင်” အဖြစ် ထောက်ခံကြောင်း ပြင်သစ်သမ္မတ မက်ခရွန် က စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
မက်ခရွန်သည် ထိုနေ့တွင် ပြင်သစ်နိုင်ငံရပ်ခြား အုပ်ချုပ်ရေးနယ်မြေဖြစ်သော Saint-Pierre-et-Miquelon ၏ မြို့တော် စိန့်ပီယားသို့ ခရီးစဉ်ရောက်ရှိလာသည့် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီနှင့်အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ မက်ခရွန်က ယင်းသည် Saint-Pierre-et-Miquelon သို့ ကနေဒါဝန်ကြီးချုပ် ပထမဆုံး တရားဝင် လည်ပတ်မှုဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ငါးဖမ်းလုပ်ငန်း၊ လုံခြုံရေးနှင့် စွမ်းအင် စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မာ့ခ်ကာနီက ကနေဒါနှင့် ဥရောပတို့သည် “အစုအဖွဲ့လိုက်ခံနိုင်ရည်” ကို အားကောင်းလာစေရန် အနာဂတ်ကို ဦးတည်သည့် မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကနေဒါအား ဥရောပသမဂ္ဂ၏ ပထမဆုံး “တွဲဖက်အဖွဲ့ဝင်” ဖြစ်လာရန် မာ့ခ်ကာနီ နှင့်အတူ ကြိုးပမ်းလိုကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က စက်တင်ဘာ ၁၆ ရက် ဥရောပလွှတ်တော်၌ ၂၀၂၆ ခုနှစ်အတွက် “သမဂ္ဂအခြေပြ မိန့်ခွန်း” တွင် ထည့်သွင်းပြောကြားခဲ့သည်။
ကနေဒါနှင့် အမေရိကန်တို့၏ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုသည် ဩဂုတ်လနှောင်းပိုင်းတွင် ပျက်ပြားခဲ့ရာ အမေရိကန်သမ္မတ ထရမ့်က ကနေဒါ ကုန်ပစ္စည်းအချို့အပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး ကနေဒါကို အမေရိကန်၏ “၅၁ ခုမြောက် ပြည်နယ်” ဖြစ်လာစေရေးအတွက် အကြိမ်ကြိမ် ပြောဆိုကာ ကနေဒါကို ဥရောပနှင့် ပိုမိုနီးကပ်သော စီးပွားရေးနှင့် လုံခြုံရေး ဆက်ဆံမှုများကို ရှာဖွေရန် တွန်းအားဖြစ်စေခဲ့သည်။
Saint-Pierre-et-Miquelon ကျွန်းစုသည် မြောက်အတ္တလန္တိတ်သမုဒ္ဒရာတွင် တည်ရှိပြီး ကနေဒါနိုင်ငံ နယူးဖောင်းလန်းကျွန်းမှ ကီလိုမီတာ ၂၀ ခန့်သာ ကွာဝေးသည်။ (Xinhua)
........................................
(Chinese Version)
马克龙:支持加拿大和欧盟相互靠拢
新华社巴黎9月20日电(记者孙毅)法国总统马克龙20日说,法国支持加拿大和欧盟相互靠拢的议程,支持加拿大成为欧盟“联席成员”。
马克龙当天在法国海外行政区圣皮埃尔和密克隆首府圣皮埃尔与到访的加拿大总理卡尼共同会见记者,并作上述表态。马克龙说,这是加拿大总理首次正式访问圣皮埃尔和密克隆,两国将在渔业、安全和能源等领域加强合作。
卡尼表示,加拿大和欧洲将建立面向未来的盟友关系,以增强“集体韧性”。
欧盟委员会主席冯德莱恩16日在欧洲议会上发表2026年度“盟情咨文”时表示,愿同卡尼就加拿大成为欧盟首个“联席成员”一同努力。
加拿大和美国贸易谈判8月下旬破裂,美国总统特朗普针对部分加拿大商品加征50%的关税,并多次提及让加拿大成为美国“第51个州”,促使加拿大寻求与欧洲建立更紧密的经济和安全联系。
圣皮埃尔和密克隆群岛位于北大西洋,距离加拿大纽芬兰岛仅约20公里。(完)
图说:6月15日,在法国埃维昂莱班,法国总统马克龙(左二)迎接前来参会的加拿大总理卡尼(右二)。新华社发(法国欧洲和外交部供图)








