မုံရွာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မုံရွာမြို့ကျက်သရေဆောင် ဆုတောင်းပြည့် ‌မြတ်စွာဘုရားကြီး၏ ၁၃၈၈ခုနှစ်၊ သီတင်းကျွတ် ဗုဒ္ဓပူဇနိယဘုရားပွဲတော် (ဘုရားကြီးပွဲ)ကို ကျင်းပမြဲဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော် ၅ ရက်မှ သီတင်းကျွတ်လကွယ်နေ့ (အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာလ ၉ ရက်) အထိ ကျင်းပမည်ဖြစ်ကြောင်း ဆုတောင်းပြည့်ဂေါပကအဖွဲ့ထံမှသိရသည်။

ဘုရားကြီးပွဲတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သော သီတင်းကျွတ်လပြည့်ကျော် ၈ ရက် နံနက်ပိုင်းတွင် သံဃာတော်အပါး ၁,၀၀၀ အား ဆွမ်းသပိတ် လောင်းလှူကြမည်ဖြစ်ပြီး ၁၀ ရက်ကြာကျင်းပမည့် ဘုရားပွဲတော်ရက်များကာလ၌ ဆုတောင်းပြည့်ဘုရားကြီး ပရဝဏ်အတွင်း ပွဲစျေးတန်း ခင်းကျင်းရောင်းချသွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)